Professional Authors

ဘော်ဒါအချင်းချင်း ပေါက်ကွဲ

ခွဲထွက်သွားတဲ့ နွား ကျားဆွဲသွားပြီ
တစ်နေ့ တစ်ခါ ရွှေဥ ဥပေးနေတဲ့ ငန်းလည်း
ဗိုက်ခွဲခံရလို့ သေပြီ
ဖာမရတော့တဲ့ အိုဇုန်းလွှာအပေါက်ကြီးကလည်း
တစ်နေ့တစ်ခြား ပို ကြီးလာ ပို ကျယ်လာ
ဒါက မင်းနဲ့မဆိုင်ဘူးဆိုတာနဲ့
ငါနဲ့ ဆိုင်ရောလား
ချောင်းနေတဲ့ ကျားက မင်းဆို
အိပ်နေတဲ့ နဂါးက ငါလေ
ငါ့အတွေးအခေါ်တွေကို ခိုက်တယ်ဆိုတော့
မင်းအယူအဆတွေလည်း မိုက်မှာပဲ
ငါတို့နဲ့တစ်ကိုင်းတည်း နားချင်သပဆိုရင်
သူတို့နဲ့ တစ်လှေတည်း စီးနေလို့မဖြစ်
ဒီမှာ လှိုဏ်ခေါင်းတွေ ဖောက်ပြီးပြီ
တိမ်တွေလည်း လှမ်းကိုင်ကြည့်လို့ရပြီ
ကားလိပ်တင်တဲ့ခလုတ် မနှိပ်ခင်
အမှောင်ချထားလိုက်မယ်
စကြ၀ဠာအပြင်ဘက် ထွက်ကြည့်ချင်သေးလား။

In: ကဗျာ Posted By: Date: Dec 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment