Professional Authors

မရှိတော့ရင်ဖြင့်. . . – နရီထက်

အသပြာတွေ ကုပ်ဖဲ့ခြစ်ပဲ့
ကြိုးစားရယူလုပ်ကိုင်နေတဲ့အခါ
ငွေကြေးဆိုတဲ့ တိုင်းတာမှုတစ်ခု
ဖျက်ဆီးပစ်လိုက်ရင်ဖြင့်. . .
ဖလှယ်မှုဝေါရဟာတစ်ခုက
နောက်တစ်မျိုး ပြောင်းလာနိုင်တယ်
အပေးအယူ မျှတာမှဖြင့်
ကျေနပ်မဲ့ လက်တွေက
ချိတ်ဆက်နိုင်မယ်ထင်. . .

အခက်အခဲတွေကြား
နေပူတစ်လှည့် မိုးရွဲတွေကြား
ဝမ်းရေအတွက် စိုက်ပျိုးရေးကို
မျိုးစေ့ချခဲ့တယ်
စားစရာတွေ ရှားပါးနေရင်ဖြင့်
ကမ္ဘာဦးက လူသားတို့လို
သားကောင်ရှာ အမဲလိုက်မယ်ထင်. . .

အကြွေးတွေ လည်ပင်းရစ်ပတ်
စိတ်ပူစရာတွေက မနက်ဖြန်များစွာ
ခွန်အားစိတ်နှင့် အပြိုင်လုပ်မယ်လို နွှဲကြတဲ့အခါ
အလုပ်တွေ ရှားပါးနေရင်ဖြင့်
ကိုလိုနီနယ်မြေထဲက
ကျွန်များကို သတိရမယ်ထင်. . .

တရိပ်တရိပ်နှင့် တက်တက်လွန်းတဲ့
ဈေးနှုန်းတွေက လိုက်မမှီတဲ့အခါ
ဈေးဖိုးဆိုတဲ့ ဝေါဟာရတစ်ခု
ကုန်သည်ဆိုတဲ့ ဖြန့်ဝေမှုကြား
နောက်ကြောင်းပြန်ရစ်ကြည့်တော့
မြေပိုင်ရှင်တွေကို သတိရမယ်ထင်. . .

ပညာဆိုတာ သင်ကြားဖို့တာ
တပ်မက်ခဲ့ရင်
အမှားအမှန်ကွဲခြားနိုင်စွမ်း မရှိရင်ဖြင့်
ပညာတတ်အချင်းချင်းတွေက
ပြိုင်ပြိုင် ပြိုင်နိုင်လွန်းအားကြီးတယ်

ခေါင်းဆောင်မှုမှာ . . .
စကားလုံးက ကြွယ်ကြွယ်သုံးရင်
ဆွဲဆောင်မှုက အနှစ်သာရဆို
အိုဘားမားတောင်  နိုဗယ်လ်ဆုရခဲ့တာ
ဒိုင်လူကြီးတွေ မျက်စိလယ်ရှာခဲ့မယ် မထင်. . .

တိုးတက်မှုနောက်
တပ်မက်မှုလွှမ်း
စိတ်ခံစားချက် အသာပေးတဲ့ခေတ်မှာ.. .
အတ္တတွေ မရှိတော့ရင်ဖြင့်. . .
မာနတွေ မရှိတော့ရင်ဖြင့်. . .
ဒေါသတွေ မရှိတော့ရင်ဖြင့်. . .
သင့်မြတ်မှုဆိုတဲ့ နယ်ပယ်တစ်ခုမှာ
နွေးထွေးမှုဆိုတဲ့ အကြင်နာတရားတွေနှင့်
အပြုသဘောဆောင်လို့
အရာရာဟာ ငြိမ်းချမ်းခြင်း နိမိတ်တွေကို
ဖော်ဆောင်နေပြီးထားပါ. . .။    ။

နရီထက်
( ၃၀ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 30, 2010
Comment #1

တိုးတက်မှုနောက်
တပ်မက်မှုလွှမ်း
စိတ်ခံစားချက် အသာပေးတဲ့ခေတ်မှာ.. .
အတ္တတွေ မရှိတော့ရင်ဖြင့်. . .
မာနတွေ မရှိတော့ရင်ဖြင့်. . .
ဒေါသတွေ မရှိတော့ရင်ဖြင့်. . .
သင့်မြတ်မှုဆိုတဲ့ နယ်ပယ်တစ်ခုမှာ
နွေးထွေးမှုဆိုတဲ့ အကြင်နာတရားတွေနှင့်
အပြုသဘောဆောင်လို့
အရာရာဟာ ငြိမ်းချမ်းခြင်း နိမိတ်တွေကို
ဖော်ဆောင်နေပြီးထားပါ. . .။ ။တဲ့ကောင်းလိုက်တာ

commentinfo By: Han at Nov 30, 2010
Comment #2

ကဗျာလေးကောင်းတယ်ဗျာ..ကိုနရီထက်…အားပေးလျှက်ပါ

commentinfo By: အသဲကွဲမိုး at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment