Professional Authors

တိုးတိတ် တောင်းဆု ! !

ရင်းနှီးဖူးခဲ့လို့ သူစိမ်းဖြစ်သွားသူ နဲ့
သူစိမ်းဖြစ်သွားတဲ့ ရင်းနှီးခဲ့တဲ့……. နင်
ငါ…..အဖြေထုတ်ကြည့်တော့
အချိုးညီနေတဲ့ မညီမျှခြင်းဆိုတဲ့ အဖြေထွက်လာတယ်။

စိတ်တွေမျောလွင့်
အတိတ်ဆီ ရောက်ရှိခဲ့တော့
နင်…ရယ်…..ငါ….ရယ်
၂ ယောက်အတူ ထုဆစ်ခဲ့ကြတဲ့ …….ကြည်နူးခြင်းတွေ
နွေးထွေးဆဲပဲ ချစ်သူ။

ငါ…..ကြေကွဲခဲ့နေရပြီပေါ့
တကယ်ဆို
ပျက်သုန်းပျောက်ကွယ် သင့်နေပြီလေကွယ်။

*ပျောက်သောသူ ရှာလျင်တွေ့……သေသောသူ ကြာလျင်မေ့* တဲ့
ရှာတွေ့နိုင်ဖို့အတွက်ပဲ ပျောက်ပေးခဲ့တာလား?
မမေ့မလျော့ စေချင်တဲ့ စိတ်နဲ့ပဲ သေခြင်းတရားက မျက်နှာသာ ပေးခဲ့တာလားကွယ်
မေးခွန်းတွေက ငါ့ကို မေးခွန်းပြန်ထုတ်နေကြတယ် ချစ်သူ……
ဒီမှာတင်ငါ……………….
ဒုတိယအကြိမ်မြောက်……နှုတ်မဲ့ဆွံ့အသူပေါ့။

ကြယ်ကြွေတိုင်း ငေးကြည့်တတ်တဲ့….ငါ
အခုတော့…..
ကြယ်ကြွေတိုင်း တောင်းဆုတွေ ပြုတတ်နေသူပေါ့။

ငွေလရောင်ကိုမှ နှစ်သက်ခဲ့သူ …. ငါ
အခုတော့
ငွေလရောင်အောက်မှာတောင် မနေတော့သူလေ
ငွေလရောင်ဟာ အခုတော့လည်း
ငါ့အတွက် အေးမြမှုနဲ့အတူ လွမ်းဆွတ်တမ်းတမှုတွေပါနေတယ်လေ။

ကြယ်ကြွေတိုင်း တောင်းဆုတွေပြု
ဝတ်ပြုတိုင်းလည်း ဆုပန်မိနေတဲ့   ငါ
ဘယ်သူမှ မသိတဲ့ တောင်းဆုတွေနဲ့ပေါ့ဟာ
တစ်စုံတစ်ရာရယ် တောင်းဆုပြုပါဆို
ငါ…………………
တောင်းဆုပြုလိုက်ပါတယ်
နင်………………..ကျန်းမာနေပါစေလို့။

(၂၆-၁၁-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Nov 26, 2010
Comment #1

တစ်စုံတစ်ရာရယ် တောင်းဆုပြုပါဆို
ငါ…………………
တောင်းဆုပြုလိုက်ပါတယ်
နင်………………..ကျန်းမာနေပါစေလို့။

အရမ်းကောင်းပါတယ်ဗျာ…….:)

commentinfo By: moehetaung18 at Nov 26, 2010
Comment #2

Thank moehetaung18 🙂 🙂 🙂

commentinfo By: pannei at Jul 8, 2011
Comment #3

“ စိတ်တွေမျောလွင့်
အတိတ်ဆီ ရောက်ရှိခဲ့တော့
နင်…ရယ်…..ငါ….ရယ်
၂ ယောက်အတူ ထုဆစ်ခဲ့ကြတဲ့ …….ကြည်နူးခြင်းတွေ
နွေးထွေးဆဲပဲ ချစ်သူ။

ငါ…..ကြေကွဲခဲ့နေရပြီပေါ့..”

အားပေးသွားပါတယ် ပန်းအိရေ.

commentinfo By: HORIZON at Jul 8, 2011
Comment #4

Thanks HORIZON .. 🙂

commentinfo By: pannei at Jul 8, 2011
Comment #5

*ပျောက်သောသူ ရှာလျင်တွေ့……သေသောသူ ကြာလျင်မေ့* တဲ့
ရှာတွေ့နိုင်ဖို့အတွက်ပဲ ပျောက်ပေးခဲ့တာလား?
အားပေးသွားတယ်နော် မပန်းအိ…

commentinfo By: maythi at Jul 8, 2011
Comment #6

oh,,god,,,
huh,,,,,,,,,,,,
a yan ko wan ne twar de.

commentinfo By: ei lay at Jan 27, 2012
Comment #7

*ပျောက်သောသူ ရှာလျင်တွေ့……သေသောသူ ကြာလျင်မေ့* တဲ့
ရှာတွေ့နိုင်ဖို့အတွက်ပဲ ပျောက်ပေးခဲ့တာလား?
မမေ့မလျော့ စေချင်တဲ့ စိတ်နဲ့ပဲ သေခြင်းတရားက မျက်နှာသာ ပေးခဲ့တာလားကွယ်
မေးခွန်းတွေက ငါ့ကို မေးခွန်းပြန်ထုတ်နေကြတယ် ချစ်သူ……
ဒီမှာတင်ငါ……………….
ဒုတိယအကြိမ်မြောက်……နှုတ်မဲ့ဆွံ့အသူပေါ့။

commentinfo By: အသဲကွဲမိုး at Mar 18, 2012
Comment #8

ရင်းနှီးဖူးခဲ့လို့ သူစိမ်းဖြစ်သွားသူ နဲ့
သူစိမ်းဖြစ်သွားတဲ့ ရင်းနှီးခဲ့တဲ့……. နင်
ငါ…..အဖြေထုတ်ကြည့်တော့
အချိုးညီနေတဲ့ မညီမျှခြင်းဆိုတဲ့ အဖြေထွက်လာတယ်။

စိတ်တွေမျောလွင့်
အတိတ်ဆီ ရောက်ရှိခဲ့တော့
နင်…ရယ်…..ငါ….ရယ်
၂ ယောက်အတူ ထုဆစ်ခဲ့ကြတဲ့ …….ကြည်နူးခြင်းတွေ
နွေးထွေးဆဲပဲ ချစ်သူ။

commentinfo By: ei lay at Jan 13, 2014
Comment #9

ကြယ်ကြွေတိုင်း တောင်းဆုတွေပြု
ဝတ်ပြုတိုင်းလည်း ဆုပန်မိနေတဲ့ ငါ
ဘယ်သူမှ မသိတဲ့ တောင်းဆုတွေနဲ့ပေါ့ဟာ
တစ်စုံတစ်ရာရယ် တောင်းဆုပြုပါဆို
ငါ…………………
တောင်းဆုပြုလိုက်ပါတယ်
နင်………………..ကျန်းမာနေပါစေလို့

commentinfo By: ei lay at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment