Professional Authors

“ တိတ်ဆိတ်ခြင်းရဲ့ အသံ ”

ငါ့ ကမ္ဘာမှာ ငါနေတာ

ဘာကို . . .ငါ ကြောက်ရဦးမှာလဲ . . .။

အဲဒီလို  . . .

ကိုယ့်ကိုကိုယ် ရဲဆေးတင်လိုက်တိုင်း

ကန့်ကွက်တဲ့ ငါ့အသိဥာဏ်တွေ

တခါတခါကျ . . .

ငါ သိပ်မုန်းတာပဲ . . .။

 

တကယ်တမ်းတော့

ငါ့ကမ္ဘာမှာ ဘာမှရှိမနေဘူး၊

နတ္ထိသဘောဆောင်တဲ့ သုညလိုကောင်ကိုတောင်

ငါက လက်ခံခဲ့တာ မဟုတ်၊

ငါ့ကမ္ဘာဟာ တိတ်ဆိတ်ခြင်းတွေအပြည့်

“ ငါ့ကမ္ဘာမှာ ငါနေတာ ဘာကို ကြောက်နေရဦးမှာလဲ. . . ”

အားပါးတရ ဟစ်ကြွေးသံကိုတောင်

ပြန်မကြားရလောက်အောင်ပါပဲ . . .။

ဆူး 

In: ကဗျာ Posted By: Date: Nov 25, 2010
Comment #1

တကယ်တမ်းတော့

ငါ့ကမ္ဘာမှာ ဘာမှရှိမနေဘူး၊

နတ္ထိသဘောဆောင်တဲ့ သုညလိုကောင်ကိုတောင်

ငါက လက်ခံခဲ့တာ မဟုတ်၊

ငါ့ကမ္ဘာဟာ တိတ်ဆိတ်ခြင်းတွေအပြည့်

“ ငါ့ကမ္ဘာမှာ ငါနေတာ ဘာကို ကြောက်နေရဦးမှာလဲ. . . ”

အားပါးတရ ဟစ်ကြွေးသံကိုတောင်

ပြန်မကြားရလောက်အောင်ပါပဲ . . .။

commentinfo By: natthameelay at Nov 25, 2010
Comment #2

ကောင်းပါ၏………..

commentinfo By: moehetaung18 at Nov 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment