Professional Authors

ငါ့ သဘော…..ငါ့ မနော ! !

ငါ၏ စိတ်ထဲ
စိတ်ရင်းထက်
အလေးသာတာ လောကွတ်ပါ
အမှန်အကန်ထက်
အလိမ်အညာ(အပေါ်ယံ)ကိုသာ ခုံမင်တာ။

ငါ၏ အလုပ်
ဝေဖန်ရေးနဲ့ လေကန်ရေး
အဖြေရှာဖို့အတွေးကတော့ ဝေလာဝေး။

ငါ တတ်တာက ၁ ခုတည်းပါ
လူ့အကြိုက်ကို အလိုက်သိတတ်တာ။

ငါ လက်ကိုင်ထားတာ
ငါ့မူ…ငါ့သဘော…ငါ့ဆန္ဒပါ
ငါ့အဖေ..ငါ့အမေ…ငါ့အမသာ
ကျန်သောသူများ ငါ မသိပါ
ဖုတ်လေတဲ့ ငါးပိ ရှိလေတယ်မှမသိ
သူတို့ကလွဲ ဖွဲ၊ ဆန်ကွဲ
ငါ သိတာက ငါ့အသွေးအသားပဲ။

ငါ ဆိုတာက
အတ္တနည်းနည်းနဲ့ပါ
* မင်းတို့ အလှည့်တော့ လုပ်ထားပေါ့ကွာ
ငါ့အလှည့်ကျ မိုးကြိုးပစ်ချမှာ။ * ငါ လက်ကိုင်ထားတာ ဒီဆောင်ပုဒ်ပဲ
အတ္တဆိုတာ ငါ့ မာနပဲ။

(၂၅-၁၁-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Nov 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment