Professional Authors

ရည်းစားများတဲ့ကောင်

ကိုယ်ကြိုက်တာကိုယ် မမှာခင်
မီနူးလေးတော့ကြည့်ခွင့်ရှိတယ်မဟုတ်လား
ငါ့ကို နည်းနည်းလေး နားလည်ပေး။

တစ်သက်လုံးပေါင်းရမယ်သူဆိုတော့
မြင်းတစ်ပြေးအလှတင်မဟုတ်ဘူး
ကွမ်းတစ်ကမ်းအလှမှန်းသေချာအောင်
အနီးကပ် သေးစိတ်လေ့လာမိတာ
နည်းနည်းလေး သည်းခံပေး။

ယောကျားကောင်းမောင်းမတစ်ထောင်တဲ့
ရှေးထုံးလည်းမပယ်နဲ.ဆိုတော့
ငါမပယ်ရဲလို.ပါဟာ
နည်းနည်းလေး ခွင့်လွှတ်ပေး။

ခွင့်လွှတ်တာတွေ၊နားလည်တာတွေ
သည်းခံတာတွေ မကျန်တော့တဲ့အခါ
ဒီကောင့်လက်ကလွတ်ချင်ရင်
ငါ့ကိုနောက်တစ်ယောက်နဲ့ မိတ်ဆက်ပေး။     ။ (ဟိဟိ)

In: ကဗျာ Posted By: Date: Nov 24, 2010
Comment #1

ဒါဘဲလေ ယောက်ျားဆိုတာ good

commentinfo By: မုဆိုး at Nov 24, 2010
Comment #2

အာ
မကောင်းပါဘူးဗျာ
တစ်ခုတော့ ပြောချင်တယ်ဗျ
လူဘဝမှာ နောက်ဆုံးအချိန်ထိ ကိုယ့်ဘေးမှာ ကျန်ပေးမယ့်သူက
ကိုယ့် “ချစ်သူ” တစ်ယောက်ထဲပါ။
ဒီအတွက် ကျွန်တော်ခံယူတာက ချစ်သူဆိုတာ
ဘဝရဲ့ အမြင့်ဆုံး တန်ဖိုးတစ်ခုပါ။
တန်ဖိုးထားစေချင်ပါတယ်။

commentinfo By: ကိုဇင် at Nov 25, 2010
Comment #3

ခွင့်လွှတ်တာတွေ၊နားလည်တာတွေ
သည်းခံတာတွေ မကျန်တော့တဲ့အခါ
ဒီကောင့်လက်ကလွတ်ချင်ရင်
ငါ့ကိုနောက်တစ်ယောက်နဲ့ မိတ်ဆက်ပေး။ ။
အရမ်းအရမ်းမိုက်တယ်။ဟဲဟဲ

commentinfo By: yelaylover2010 at Sep 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment