Professional Authors

ချစ်မိမှားသူ

ချစ်မိမှားသူ….

ဘာသာမဲ့တဲ့ ပင့်ကူမျှင်တွေထံ တိုးဝင်မိသူ….ငါ
ခပ်ဖျော့ဖျော့ မင်းရဲ့ အပြုံးထဲ ရုန်းမထွက်နိုင်သူ…ငါ
မွန်းတည့်ချိန် မာယာတွေထဲ နစ်မြုပ်ခဲ့သူ…ငါ
သံသရာထိ မျှော်ရွယ်ခဲ့လည်း စွန့်လွှတ်ခဲ့ရတဲ့…ငါ
မင်း စကားတွေမှာ ဒူးထောက် လမ်းပျောက်ခဲ့ရတဲ့…ငါ
နောက်ဆုံးတော့…
မင်းရဲ့နားလည်မှုတွေ တောင်းပန်စကားတွေ
ဖြားယောင်းမှုတွေ မျက်ရည်စက်တွေ
ဘ၀တက်လမ်းတွေ အမျိုးမျိုးသော ချည်နှောင်မှုတွေကြားထဲ..
အလဲလဲ အကွဲကွဲ
ငါပဲ…မှားခဲ့တာပါ..
ချစ်သူရယ်…။

ခင်ဦး

In: ကဗျာ Posted By: Date: Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment