Professional Authors

ရင်နင့်အလွမ်း

တစ်ယောက်တည်း အဖော်ည
သောကတွေကို ဆီးမီးထွန်းလို့
အလွမ်းတွေကို ဖြန့်ကျက်ရင်း
သတိတရ မေ့မရတဲ့စိတ်တွေကို
တွန်းလှန်ဖို့ကြိုးစားနေတုန်း
သူ့စကားသံလေးတွေကြားရောင်မိပြန်တယ်.
မေ့ပျောက်ပစ် ဖို့ ဘယ်တုန်းက မှ မကြိုးစားခဲ့သူမို့
နာကျင်စွာတစ်ယောက်တည်း ကြေကွဲနေရတယ်
ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းပါ ချစ်သူရယ်…
မ၀ံ့မရဲ ပြောချင်ပါသေးတယ်..
မြတ်မြတ်နိုးနိုးချစ်နေတုန်းပါပဲ…
သောကတွေဝေ
တောင်တန်းပြာနဲ့ မြူခိုးတွေကို သက်သေတည်ပါတယ်
လွမ်းလျှက်ပါမေ…

In: ကဗျာ,ဂျူး Posted By: Date: Nov 23, 2010
Comment #1

တစ်ယောက်တည်း အဖော်ည
သောကတွေကို ဆီးမီးထွန်းလို့
အလွမ်းတွေကို ဖြန့်ကျက်ရင်း
သတိတရ မေ့မရတဲ့စိတ်တွေကို
တွန်းလှန်ဖို့ကြိုးစားနေတုန်း
သူ့စကားသံလေးတွေကြားရောင်မိပြန်တယ်.
မေ့ပျောက်ပစ် ဖို့ ဘယ်တုန်းက မှ မကြိုးစားခဲ့သူမို့
နာကျင်စွာတစ်ယောက်တည်း ကြေကွဲနေရတယ်
ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းပါ ချစ်သူရယ်…
မ၀ံ့မရဲ ပြောချင်ပါသေးတယ်..
မြတ်မြတ်နိုးနိုးချစ်နေတုန်းပါပဲ…

commentinfo By: May Kha at Aug 3, 2011
Comment #2

ကဗျာလေးက..ထိထိမိမိနဲ့ကို ရင်ထဲ မသိမသာလေး..၀င်ရောက်သွားပါတယ်..ကောင်းပါတယ်ဗျာ..။

commentinfo By: အောင်ကျော်ထက် at Jan 1, 2012
Comment #3

ဆရာမဂျူးက ကဗျာလဲရေးလား။မဖတ်ဖူးလို့ပါ။ရေးတော့လဲ ခံစားချက်ကို ဖမ်းဆုတ်လို့ရနိုင်တဲ့ကဗျာလေးဆိုတော့နှစ်သက်ပါတယ်။

commentinfo By: lighthunter at Nov 23, 2012
Comment #4

ဖတ်ခွင့်ရလို့ကျေးဇူးပါ

commentinfo By: မာန်ခက်ဝင့် at Feb 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment