Professional Authors

မှော်ဝင်အနမ်း – နရီထက်

သစ်ရွက်ကြွေ
လေအဝှေ့မှာ
တ၀ဲဝဲလည်
အသက်ရှုသံက
ပြင်းရှရှ
လည်ချောင်းမှာ
ဆိုနင့်ကာလေ
မင်းပါးလေးအနား
တဖြည်းဖြည်းနှင့်
ပင့်သက်ရှိုက်သံတွေကြား
ပြေးပြေး ကပ်လာမိနေတယ်။

နှုတ်ခမ်းသားက
စိုစစနှင့်
မင်းပါးနံ့သက်လေးက
မွှေးမက်စရာ
တသက်စွဲစရာလား
ထာဝရအနမ်းတစ်ချက်လို့
ဆိုလိုက်ပါစေလား။

ဖြူစင်ခြင်း သည်ရင်မှာ
ပိုင်ဆိုင်ခြင်းက ပိုကဲသာ
ကိုယ့်စိတ်ထဲ လှလွန်းသူရယ်
ချစ်ကမ္ဘာလေး တည်ဖို့ရည်
နူးညံထိတွေ့မှုက
မှော်ဝင်အနမ်းများလား။

နရီထက်
( ၂၃ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 23, 2010
Comment #1

phat shu r pay twar par d,

commentinfo By: ei lay at May 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment