Professional Authors

စည်းအပြင်ကလူ

မျှော်လင့်ခဲ့တဲ့ ကြယ်လေးတစ်ပွင့်
ကြွေကျမြေခတဲ့အချိန်မှာ
ရင်ခွင်တစ်ခုလုံး အမှောင်တွေဖုံးခဲ့ပြီ…….
ကြယ်ကြွေချိန်ခဏမှာ
ပျောက်သွားတဲ့နင့်ကို
ပြန်တွေ့မလားမျှော်မိပေမယ့်
ကြွေသွားတဲ့ကြယ်လိုပဲ
ဘယ်နားမှာပုန်းရှောင်နေလဲငါမသိတော့
ကောင်းကင်ကြီးကိုမော့မကြည့်မိအောင်ဘဲ
ငါအားတင်းထားမိတယ်…..
အနာဂတ်တွေပျောက်ဆုံးပြီး
အရှုံးတွေကထိုးနှက်နေတဲ့အချိန်
အလင်းပျောက်တုန်း ရှာမိပေမယ့်
ကြယ်စင်လေးမင်းက ငါ့အတွက်မှမလင်းနိုင်တော့တာ
ဘယ်တတ်နိုင်ပါ့မလဲ
စမ်းတ၀ါးဝါးနဲ့ဆက်လျှောက်နေမယ်
အစကတည်းကသိခဲ့ပြီးသားပဲ
အမှန်တကယ်တော့…
ငါကနင့်အတွက် စည်းအပြင်ကလူပါ……။

In: ကဗျာ Posted By: Date: Nov 22, 2010
Comment #1

(ကြွေသွားတဲ့ကြယ်လိုပဲ
ဘယ်နားမှာပုန်းရှောင်နေလဲငါမသိတော့
ကောင်းကင်ကြီးကိုမော့မကြည့်မိအောင်ဘဲ
ငါအားတင်းထားမိတယ်…..)
အကိုတို့စကားလုံးတွေကို လိုက်လို့မမှီတော့ဘူး

commentinfo By: မုဆိုး at Nov 23, 2010
Comment #2

လွမ်းနောင်က ဘယ်ကလဲ..။

commentinfo By: မြေနံ့ at Jul 3, 2011
Comment #3

မန္တလေးကပါခင်ဗျာ….

commentinfo By: လွမ်းနောင် at Jul 3, 2011
Comment #4

သူငယ်ချင်းတစ်ယောက်နဲ့နာမည်တူလို့မေးလိုက်တာပါ…။

commentinfo By: မြေနံ့ at Jul 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment