Professional Authors

အသက်မဲ့မျှော်လင့်ချက်

နင်ဘယ်မှာလဲ
နင့်ကိုသတိရရင် သွားဖို့
လျှောက်လည်ဖူးတဲ့နေရာလဲမရှိတော့
အခန်းကျဉ်းထဲမှာပဲ ကဗျာတွေရေးနေရတာ
ကာရန်တွေတောင် အသက်မဲ့ကုန်ပြီ…….
ထင်တိုင်းကြဲနေတဲ့ ကံတရားကို
တားဆီးဖို့မတတ်နိုင်ပေမယ့်
ပြန်ဆုံဖို့မျှော်လင့်ချက်တွေနဲ့
အားတင်းပြီးရင်ဆိုင်ရင်း
ရင်ခုန်သံတွေရပ်တန့်လုပြီ………..
ပြန်လာပါတော့လို့မပြောဘူး
ငါ့ရင်ထဲကနေ နင်ထွက်သွားတာမှမဟုတ်တာ
ဝေးတမြေမှာရှိနေပေမဲ့
ငါ့အနားမှာနင်အမြဲရှိနေတယ်ဆိုပြီး
ငါနှစ်သိမ့်နေခဲ့တာ
အရူးတစ်ပိုင်းကိုဖြစ်လို့ပေါ့………..
ငါ့ကိုလွမ်းနေစရာမလိုဘူး
ငါ့ကိုပြန်ချစ်ဖို့မတောင်းဆိုဘူး
နင့်ရင်ထဲမှာ ငါဆိုတဲ့လူတစ်ယောက်ကို
မေ့မသွားရင်ဘဲ
ငါ့အချစ်တွေအောက်မှာ
ငါကျေကျေနပ်နပ်ကြီးသေဆုံးလိုက်မယ်
နင်သာငါ့ကိုမေ့မသွားနဲ့………..

In: ကဗျာ Posted By: Date: Nov 22, 2010
Comment #1

စာသားတွေလန်းတယ်ဗျာ…………………..

commentinfo By: မုဆိုး at Nov 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment