Professional Authors

မေးခွန်း-၂

လမ်းခွဲစတုန်းကတော့ ပြန်တွေ.ကြမယ်လို.
ယောင်ယောင်ကန်းကန်း တွေးနေမိတယ်
မသိစိတ်ထဲမှာလဲ ခဏစိတ်ကောက်တာလိုလိုပါပဲ
တကယ်တော့ မင်းအသေအချာ ပြစ်ခွာသွားခဲ့တာ။

တစ်သက်လုံးမတွေ.နိုင်တော့ဘူးလို. စဉ်းစားတိုင်း
ငါ့ရင်က ထူးထူးခြားခြားကိုနာကျင်ရပါတယ်
မင်းရှိနေတဲ့အရပ် ငါသိနေပေမယ့်
လာခွင့်ကမရှိတော့ဘူးလေ။

လေထဲမှာပဲ အတွေးအဖြစ်နဲ. ကျဲဖြန်.လိုက်ပါတယ်
မင်းပြန်လာမှပြောမယ့်စကားတွေ
မင်းပြန်မလာတော့ ပြောလို.မရတော့ဘူးပေါ့။  

အဆုံးသတ်မရတဲ့ဇာတ်လမ်းတော့မဟုတ်ဘူး
အဆုံးသတ်ကို မကျေနပ်နိုင်တဲ့ဇာတ်လမ်း
ငါလူကြမ်းဖြစ်နေတာ ဘယ်အချိန်ကတည်းကလဲ။     ။

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

ထားသွားနိုင်လို့ ခွဲသွားရက်တဲ့သူ့ကို
ပြန်မလွမ်းနေတာပဲကောင်းပါတယ်…….
လူကြမ်းလဲ မင်းသားဖြစ်နိုင်သလို
မင်းသမီးလဲ ဗီလိန်ဖြစ်သွားနိုင်သေးတာပဲလေ…

commentinfo By: သက်ပိုင် at Dec 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment