Professional Authors

သေချာခြင်း

ကျန်ရစ်ခဲ့ဖူးတယ်
အသည်းကွဲလမ်းကြားလေးထဲ
နာကျင်စရာတွေ ကုန်းကောက်ဖက်တွယ်ရင်း
လွင့်ကြွေသွားတဲ့ ပင့်သက်တစ်ချက်
မျက်ရည်တွေစိုလာမှ ငါအနာဂတ်တွေကျပျောက်မှန်း သိလာခဲ့ပြီ။
 နေမသာတဲ့နေ့တွေထဲ
ငါစိတ်ကူးတွေအရောင်ပြယ်လွင့်ပျက်နေရင်း
လမ်းခွဲတစ်ခုမှာလည်း နှုတ်ဆိတ်ကျန်ခဲ့ရဦးမယ်။
ငါ့အဘိဓာန် ငါလှန်ဖတ်ရင်း
ငါ့ကိုယ့်ငါလည်းရှာဖွေရင်းနဲ့
 အဆုံးသတ်တစ်ခုမှာလည်း
 တိတ်တိတ်နေတတ်ဖို့ သင်ကြားရတော့မယ်လေ။ ။

(ခေတ်သစ်ပန်းပု   http://yuthar.2kool4u.net  ဆိုက်ထဲတွင် ရေးသားခဲ့ဖူးသည်)

In: ကဗျာ Posted By: Date: Nov 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment