Professional Authors

တိုက်ပွဲခေါ်သံ ငါကြားတယ်…

ပွဲကမပြီးသေးဘူး
ငါတော့ အရှုံးသမားလို့
ကြော်ငြာခံလိုက်ရတယ်
ငါတော့ ငါ့မာနကို
အထိပါးခံလိုက်ရပြီ
ကျူးကျော်လာတဲ့
နင့် အနိုင်ယူစိတ်ကို
ချွန်းအုပ်လို့ မရသေးခင်ထိတော့
ငါက ထွက်ပြေးတိမ်းရှောင်နေရမှာပဲ
စုတ်ပြတ်သွားတဲ့
ငါ့အောင်မြေကို အလွမ်းပြေကြည့်ရင်း
တစ်ခါက ချစ်ကြည်ရင်းနှီးခဲ့တာကို
ငါနှမျောခဲ့တယ်
ချစ်သူ…….
မင်းမျက်နှာလေး သာတစ်ခါ မဲ့တလှည့်
ငါ့ကို စိန်ခေါ်နေလေတာလား

In: ကဗျာ Posted By: Date: Nov 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment