Professional Authors

. အထဲ က . အနှစ်..

ကကြိုးရယ် ယှက်ပါလို့
ဒီရုပ်သေး. ပုံပျက်တယ်..
မယုံရက်ပါဘု..
ဆုံမှတ်တွေ ဝေးရင်ဖြင့် ..
မောင် . ဒီလူ
ဆွေးရပြီ..
ဝေးမြေက လွမ်း..
စွမ်းရက်ပါတဲ့  ချစ်သူ.
ဒီလူကို ဘယ်သို့ပြုစား ..
အခု သနားရင်ဖြင့် .
အနားမှာနေပါစေ့..
ဘုရားမှာ ဆုတောင်းတာဖြင့် .
အခုလည်းပေါင်း  နောင်လည်းပေါင်း..
ခပ်သိမ်း ဆုတောင်းပြည့်ပါစေ….

ရုပ်သေးတစ်ရုပ်. ပါ.
ပုံပျက်ခဲ့၏..
စေလိုရာစေ ဆိုပြီး .
နာကျင်စေခဲ့တာပါ..
အနေအထားကြောင့် .
ခပ်စောင်းစောင်း ကော်ဖီ တစ်ခွက်ကို .
ငါ မမျိုချရက်ပါဘူး ဟာ..
ငါ့ ကဗျာ စက္ကူရွှက်ကိုလည်း 
နင်လက်မှာချေမွ ခဲ့တယ်.
ငါ အသည်းနှလုံးကို . လည်း .
ခပ်ဆတ်ဆတ်.. ညစ်ခဲ့တရ်..
ငါသည်. ငါသည်..
အခါခါလည်း နာကျင်ခဲ့၏..
ရာသီဥတုကို အပြစ်ပုံချလို့ .
နင် မယုံတဲ့ ငါ့ကို ..
………………………
စွန့်ခွာသွား၍ ရပြီလော့ ……

In: ကဗျာ Posted By: Date: Nov 13, 2010
Comment #1

ကဗျာ ကောင်း၏
အားပေးသွားပါကြောင်း ~~~

commentinfo By: X - ray at Oct 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment