Professional Authors

နှစ်ပတ်လည် ဆုတောင်း (ဒီဇင်ဘာ တောင်းဆု)

ဒီဇင်ဘာ—–
တစ်ဆောင်းသစ်ခဲ့ပြန်ပြီ—–။
ဒီဇင်ဘာ—–
အေးချမ်းမှုတွေဆောင်နှင်း
ငါ့အလင်းတန်းလေးကို
ဖန်ဆင်းပေးတယ်—–။
ဒီဇင်ဘာ—–
အမှတ်တရ နေ့ရက်ကို
အသက်သွင်း
သူနဲ့အတူ
ဖြတ်သန်းဖူးတယ်.—–။
ဒီဇင်ဘာ—–
မင်းကတော့—–
ဝတ္တရားမပျက်
အချိန်မှန်မှန် ဆိုက်ရောက်လို့——။
ဒီဇင်ဘာ—–
ငါကတော့——
မပျက်မကွက်
အချိန်မှန်မှန် ဆုတောင်းလို့—–။
ဒီဇင်ဘာရေ——-
သူကတော့
မင်းကိုရော
ငါ့ကိုပါ
မေ့ပစ်လိုက်ပြီ ထင်ပါရဲ့——။
ဒီဇင်ဘာရေ—–
ငါ့ရဲ့ မပြောင်းလဲတဲ့
နှလုံးသားအတွက်
ဆုတစ်ခု ပေးမယ်ဆိုရင်လေ
သူ့ကို—–
အေးချမ်းပျော်ရွှင်စေပြီး
ငါ့ကို—-
အေးစက်မာကျောသွားအောင်
စွမ်းဆောင်ပေးဖို့—–
တောင်းဆိုချင်ပါရဲ့—–။       ။

1 : 40 PM
10. 11. 2010

In: ကဗျာ Posted By: Date: Nov 11, 2010
Comment #1

တိုက်ဆိုင်မှုရှိလို့ ဒီကဗျာလေးကိုအရမ်းကြိုက်ပါတယ်။ ဒီဇင်ဘာလဆိုရင် အရမ်းလွမ်းတယ်ဗျာ။
ယုန်လေးရေ ခံစားမှုတိုက်ဆိုင်အောင်ရေးပေးနိုင်လို့ကျေးဇူး……..

commentinfo By: moezat at Nov 11, 2010
Comment #2

ဒီဇင်ဘာဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်စိတ်ဝင်စားသွားပါတယ်ဗျာ ။ ဒီဇင်ဘာကအေးစက်မှုတွေနဲ့အတူနှလုံးသားကို
အေးခဲသွားအောင်လုပ်သွားတတ်လို့လေ.. 🙂

commentinfo By: Man Khat Wint at Mar 10, 2012
Comment #3

so so so so niceeeeeeeeeee

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment