Professional Authors

လမ်းခွဲခြင်းရဲ့ ရှိုက်သံ

ငါရဲ့ကြေကွဲမှုတွေတိုင်း
နင့်ပျော်ရွှင်မှုလို့ နင်သတ်မှတ်
နင့်မာနတစ်ခုကို ကိုယ်စားပြုရုံသက်သက်ဆိုတာ
နင့်မျက်ဝန်းအရွေ့က ၀မ်းနည်းရိပ်တွေ တွေ့တဲ့အခါ
ငါရင်နဲ့ရင်းပြီး နားလည်ခဲ့တယ်…..။

ငါခံစားရလို့ တစ်ခါငိုမိတိုင်း
မာယာတစ်ပါးလို့ နင်လက်စွဲပြု
ချစ်မိသွားမှာ စိုးရိမ်မိလို့
ကွယ်ရာမှာ နင်ပဲခံစား
နင့်အတ္တတွေက နင့်ကိုခြောက်ခြားစေခဲ့တာ….
ငါမျက်ကွယ်ပြုရင်း ကျေနပ်ခဲ့တယ်…..။

တကယ်ချစ်မိသွားမှာ ကြောက်လို့
အရင်တစ်ယောက်ကိုလဲ အတွဲမပြတ်
အသစ်ကိုလဲ မဖြတ်ရက်ပဲ
ငါ့အတွက် နင်ဟန်ဆောင်နေခဲ့တာ
ငါမြင်ခဲ့တဲ့ နင့်သံယောဇဉ်တွေက သက်သေပြခဲ့တယ်….။

နင့်အတွက် မြေချထားတဲ့ ငါ့မာနကိုမှ
မယုံကြည်ခြင်းတွေနဲ့ အကြိမ်ကြိမ် ထိုးနှက်
အရှုံးအလိုရှိနေတဲ့ ရိုက်ခက်မှုတွေနဲ့
နင့်နှလုံးသားကို နင်လိမ်ညာနေခဲ့တာ
အချစ်စစ်တွေနဲ့ စတေးပြီး ငါလက်ခံခဲ့တယ်…..။

နောက်ဆုံး……..
နင့်ရဲ့ရက်စက်ခြင်းတွေနဲ့ နေသားကျ
ငါတို့မဆုံနိုင်တဲ့ လမ်းကို ငါကိုယ်တိုင်ရွေးချယ်…..
နင့်ကို အသိပေးမိမှ
လမ်းခွဲခြင်းရဲ့ ရှိုက်သံက
ဘာကြောင့် နင်ကိုယ်တိုင်ဖြစ်နေရတာလဲဟာ…….?..။         ။

In: ကဗျာ Posted By: Date: Nov 10, 2010
Comment #1

ငါခံစားရလို့ တစ်ခါငိုမိတိုင်း
မာယာတစ်ပါးလို့ နင်လက်စွဲပြု
ချစ်မိသွားမှာ စိုးရိမ်မိလို့
ကွယ်ရာမှာ နင်ပဲခံစား
နင့်အတ္တတွေက နင့်ကိုခြောက်ခြားစေခဲ့တာ….
ငါမျက်ကွယ်ပြုရင်း ကျေနပ်ခဲ့တယ်…..။

commentinfo By: နတ်သမီး at Nov 10, 2010
Comment #2

တကယ်ချစ်မိသွားမှာ ကြောက်လို့
အရင်တစ်ယောက်ကိုလဲ အတွဲမပြတ်
အသစ်ကိုလဲ မဖြတ်ရက်ပဲ
ငါ့အတွက် နင်ဟန်ဆောင်နေခဲ့တာ
ငါမြင်ခဲ့တဲ့ နင့်သံယောဇဉ်တွေက သက်သေပြခဲ့တယ်….။
………….
ရင်ထဲကိုမြင်နေသလားပဲ…ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Nov 20, 2010
Comment #3

facebook မှာ တင်ချင်လို့ ကူးသွားပါပြီခင်ဗျာ…..

commentinfo By: Shane Khant at Nov 29, 2010
Comment #4

နင့်အတွက် မြေချထားတဲ့ ငါ့မာနကိုမှ
မယုံကြည်ခြင်းတွေနဲ့ အကြိမ်ကြိမ် ထိုးနှက်
အရှုံးအလိုရှိနေတဲ့ ရိုက်ခက်မှုတွေနဲ့
နင့်နှလုံးသားကို နင်လိမ်ညာနေခဲ့တာ
အချစ်စစ်တွေနဲ့ စတေးပြီး ငါလက်ခံခဲ့တယ်…..။.

နင်သိနေခဲ့တာပဲ…….။ ။

commentinfo By: Someone at Jun 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment