Professional Authors

မင်းသိဖို့ကောင်းတယ်

ဒီရင်ထဲမှာမင်းတစ်ယောက်ထဲပါ
ဝင်လာကာ မင်းကြည့်လိုက်ရင်ဖြင့်
ဒီရင်တစ်ခုလုံး နံရံမှာ
သံမှိုနှိပ် တံဆိပ်ကပ်သလို
စွဲမြဲနေတဲ့ ငါ့အချစ်ပုံရိပ်တွေ
ရှိနေတုန်းပါကွာ။

သေချာတာအရမ်းချစ်ခဲ့လို
မငြိုငြင်ပါ ဘာတွေဘဲလုပ်လုပ်
ခွင့်လွှတ်ပေးကာ ဆက်ချစ်မယ်
ရင်ထဲကပန်းတစ်ခက်ရယ်
မင်းအနားထံသို့ နှင်းအပ်မယ်။

ကောင်းကင်မှာမှောင်မဲလို့
ရမ်းကားစွာရွှာချခဲ့ရင်တောင်
မင်းနားမှာ ထီးလိုမိုး
အုပ်မိုးပေးချင်သူပါ။

ကံတွေရယ် ခေတယ်ခေတ်အဆက်ဆက်
အချစ်နဲ့ပတ်သက်ရင် လွှဲနေစမြဲမို့
အပြောမကောင့်တဲ့ ငါ့စကား
သူ့နား မချိုပါတယ်။

ဝေးတဲ့ ကံတွေ မရှိစေချင်တယ်
ငါ့လို မင်းရင်မှာ မခံစားစေချင်တယ်
ဒါဆို…
မင်းသိဖို့ကောင်းပါတယ်။

လွှဲနေမြဲမို့

In: ကဗျာ Posted By: Date: Nov 10, 2010
Comment #1

u’d know now

commentinfo By: ei lay at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment