Professional Authors

ပျောက်ရှသွားသော……

အစကတည်းကသိပ်ချစ်လို့
ဟန်မဆောင်ခဲ့တာကို
အညှာလွယ်တယ်လို့ထင်နေတာလား
နင်ပြောသမျှယုံပြီး
ခေါင်းညိတ်ပေးခဲ့တာကို
နင်က“အ”လိုက်တာလို့ထင်နေခဲ့တာလား?
ပလီပလာနဲ့အပျော်ရှာပြီး
ယာယီအချစ်ထားခဲ့လို့
နာကျင်နေတဲ့ ငါ့ရင်ထဲက
နင်ပေးခဲ့တဲ့..ဒဏ်ရာဟောင်းတွေ
သွေးမတိတ်သေးပေမယ့်
အနာကျက်နေပြီလေ
တော်ပါပြီဟာ..
ငါလိုချင်ခဲ့တဲ့…နင့်ရင်ထဲကအချစ်ကို
ဒီတသက်လုံး…
မမျှော်လင့်ရဲတော့ဘူး

In: ကဗျာ Posted By: Date: Nov 9, 2010
Comment #1

ဘယ်လိုဖြစ်တာလည်းကောင်းကင်ပြာရေ…
ကောင်လေးသနားပါတယ်
မဝေးပါရစေနဲ့ပြောပြီး လမ်းလဲဖွင့်ထားသေးတယ်
အခုတော့ဒဏ်ရာပေးလို့မမျှော်လင့်ရဲပြန်ဘူး….

ဟူး……. ကောင်လေးရေ မလွယ်ဘူးဟ
🙂 🙂

commentinfo By: moezat at Nov 10, 2010
Comment #2

အရမ်းမိုက်တယ် ကဗျာတပုဒ်က ခံစားချက်ထင်တယ်နော်..

commentinfo By: songmoezin at Jan 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment