Professional Authors

သွေးအေးသတ္တ၀ါဟုခေါ်သည် – နရီထက်

ကမ္ဘာကို ရောက်စက အေးဆေးပေါ့
အနွေးဓါတ်လေး လွမ်းခြုံလို့
အမေ့ရင်ခွင်ပိုက်ထဲမှာ ပြုံးလဲ့လဲ့ရယ်
နက္ခတ်ပုရောဟိတ်တွေက ဟောလိုက်သေးတယ်
ကျော်ကြားမှုအပေါင်း ပြည့်စုံစေမယ်. . .။

လိုချင်တာတွေ ရအောင်ယူဖို့
ကလေးကစားဝိုင်းမှာ ပွဲကျခဲ့တယ်
လိမ်ညာမှုက အရသာတာလား
လှည့်စားမှုက လက်တစ်ဖျားလား
ငါ့အကြိုက် ဖိုက်တင်းပွဲတွေ
နွဲလိုက်ရ အောင်ပွဲတွေလား
ဆွဲမရ ထိန်းမရ ငါ့ဘဝ
လက်မြှောက်ထားကြ ငါ့အကျင့်တွေ
ဝေးဝေးကနေ ပြေးပြေး ပြေးသွားကြပြီး။

အေးဆေးတည်ငြိမ် ငါ့လှုပ်ရှားဟန်
ငါ့ခေါင်းထဲက အတွေးက နက်နက်
ငါ့ဦးနှောက်က + (သို့) – တွေးတွေးနေတယ်
လိုချင်တာတွေ ရအောင်ယူဖို့
ရအောင်လည်း ကြံတတ်တယ်
နည်းမကျအောင် ဆင်တတ်တယ်
နည်းကျကျအောင်လည်း လုပ်တတ်တယ်
ပျော်စရာ ငါ့ဥာဏ်နက်
ထက်မြက်မြက် ငါ့လက်နက်
အနုမြူဗုံးကြဲ ငါ့ဦးနှောက်
တစ်စီပြန့်ကျဲအောင် ဖြန့်ထားတတ်တယ်။

တရိပ်ရိပ်တက်လာတဲ့ ငါ့နေရာထူး
ကြိုးစားမှုလို့ ခေါ်ပါသည်
ပိုင်စိုးမှုလား
အပိုင်စီးမှုလား
ငါ့နဲ့ယှဉ် ငါ့နားဘေးက လူ
နောက်ကျအောင်လည်း လုပ်တတ်တယ်
အောက်ကျသွားအောင်လည်း ပစ်တတ်တယ်
ငါ့နေရာ ငါ့ပတ်ဝန်းကျင်
ငါ့အဖို့ ငါ့သည်သာ အကောင်းဆုံး
ဆက်ဆက်ပြီးလည်း တွေးနက်နေတုန်း. . .။

ငပေလို့ ခေါ်ရအောင် ငါ့က ငတေမှ မဟုတ်တာ
ငလိမ်လို့ခေါ်ရအောင် ငါ့က ဖိုးတွမ်တီး မဟုတ်
လူမိုက်လို့ ခေါ်ရအောင် ငါ့က လူယုတ်မာမဟုတ်
ရေများ ရေနိုင် မီးများ မီးနိုင်
အနိုင်ကစားတဲ့ ဘ၀ကစားပွဲမှာ
ငါက လိုချင်တာတွေ ရအောင်ယူဖို့
တ၀ကြီး တ၀ကြီး အသက်ရှုမရပ်တရွေ့
ယူနေ ယူနေ ယူနေအုန်းမယ်. . .။     ။

နရီထက်
( ၀၉ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 9, 2010
Comment #1

သြော်…
ဘယ်သူများလဲလို့ …
XD

commentinfo By: ကိုဇင် at Nov 9, 2010
Comment #2

အမှန်တွေချည်းပဲ။
—————————-
ရေများ ရေနိုင် မီးများ မီးနိုင်
အနိုင်ကစားတဲ့ ဘ၀ကစားပွဲမှာ
ငါက လိုချင်တာတွေ ရအောင်ယူဖို့
တ၀ကြီး တ၀ကြီး အသက်ရှုမရပ်တရွေ့
ယူနေ ယူနေ ယူနေအုန်းမယ်. . .။ ။
———————————————
အမှန်ဆုံးပဲ၇ှင့်

commentinfo By: pannei at Nov 9, 2010
Comment #3

မိုက်တယ်

commentinfo By: ei lay at Jan 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment