Professional Authors

ပျော်ရွှင်မှုနှင့်အောင်မြင်မှု – နရီထက်

အောင်မြင်မှုနောက် ပြေးလိုက်မိတယ်
သိမ်းပိုက်မိသလိုလိုနဲ့ လွင့်မျောမိတယ်

ဇောစိတ်တွေနှင့် တစ်ခါတစ်ခါ
အသက်ရှုကြပ်ခဲ့တယ်

ကြောက်တဲ့စိတ်နှင့် တစ်ခါတစ်ခါ
ရှုံးမယ့်စိတ်တွေ ၀င်တိုးမိတယ်

တကယ်တမ်း ပျော်ရမဲ့ချိန်တွေ
နည်းနည်း နည်းနေခဲ့တယ်

ခဏလေး ရယ်ပြီးကာမှ
ငိုရမယ့်ချိန်တွေ ပိတ်ပင်နေတယ်

အောင်မြင်မှုနောက် လိုက်တယ်ပြောပြော
ပျော်ရွှင်မှုကို တပ်မက်တယ်လို့ ဆိုဆို
ရပ်တန့်လိုမရတာက ဒီလူလောကပါ။    ။

နရီထက်
( ၀၇ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 7, 2010
Comment #1

အောင်မြင်မှုနောက် လိုက်တယ်ပြောပြော
ပျော်ရွှင်မှုကို တပ်မက်တယ်လို့ ဆိုဆို
ရပ်တန့်လိုမရတာက ဒီလူလောကပါ။ ။
ဟုတ် ပ ဗျာ
အားပေးသွားပါတရ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment