Professional Authors

စိတ်မရှည်မှု

“တစ်ဖက်သတ်” တဲ့…
ဘယ်လိုမှဘဝင်မကျနိုင်ပါဘူး
သည်ရင်ဘတ် တစ်ဖက်ထဲမှာ
ဝိရောဓိတွေ သတ်ပုတ်နေရတာ
ဘယ်လိုမှအဆင်မပြေပါဘူး…
သနားစရာ ဘက်ပဲ့နေမှုပါလေ…

“ကတိတွေ”၊ “ပတ်ဝန်းကျင်တွေ” ၊ “မိဘတွေ”…
အဲဒီ စကားလုံးကြီးကြီးတွေနဲ့
(ငါ့ကို…) သောက်အပိုတွေမပြောပါနဲ့…

ကဲ…
နဲနဲတော့ “ဖု” သွားတယ်မလား
မကျေနပ်ဘူးပေါ့လေ…

ဒါဆိုလည်း
“သောက်လူလည်ကြီး နင့်ကိုငါချစ်တယ်” လို့ သာ
ခပ်ရွဲ့ရွဲ့ ပြစ်ပြစ်နှစ်နှစ် ဆဲပစ်လိုက်ပါလေ…

P.S (အဲလိုခေါင်းလေးငုံ့ပြီး အပြုံးပန်းနဲ့ ကိုက်ထားတဲ့ နင့်နှုတ်ခမ်းလေးကို ချစ်တယ်…)

In: ကဗျာ Posted By: Date: Nov 6, 2010
Comment #1

ခစ် … ဆဲပုံလေးကို ကြိုက်တယ် … နုးနုးညံ့ညံ့လေး…:)

commentinfo By: yusan at Nov 6, 2010
Comment #2

အင်း
အဆဲခံချင်ပါတယ် ဆိုတာတောင်
ဆဲတဲ့သူကရှိမှမရှိပဲ…
🙁

commentinfo By: ကိုဇင် at Nov 6, 2010
Comment #3

စိတ်မရှည်မှု……အရမ်းလှတဲ့ကဗျာလေးပါဗျာ……ကြိုက်တယ်ဗျ…..

commentinfo By: moehtetaung18 at Nov 6, 2010
Comment #4

ကျေးဇူးပါ ဗျို့ ကိုမိုးထက်အောင်ရေ…

commentinfo By: ကိုဇင် at Nov 7, 2010
Comment #5

ရည်ရွယ်သူသာသိရင် ချက်ချင်းအဖြေပေးမဲ့ကဗျာတစ်ပုဒ်ပါပဲ

commentinfo By: saint at Nov 20, 2010
Comment #6

ချီးကျူးပေးလို့ အရမ်းကျေးဇူးတင်ပါတယ်
ဒါပေမယ့်
သူသိတာ နောက်လ ၈ ရက်နေ့ ဆို ၉လပြည့်ပြီဗျ
ခုထိ…

commentinfo By: ကိုဇင် at Nov 21, 2010
Comment #7

အဲလိုခေါင်းလေးငုံ့ပြီး အပြုံးပန်းနဲ့ ကိုက်ထားတဲ့ နင့်နှုတ်ခမ်းလေးကို ချစ်တယ်……….))
မိုက်တယ်ဗျာ စာသားလေးက ပြေးနမ်းချင်စိတ်တောင်ပေါက်တယ်

commentinfo By: မုဆိုး at Nov 23, 2010
Comment #8

ညီလေး နေကောင်းပါတယ်နော်.. မတွေ့ တာကြာတော့ သဘောထားတွေကို သိပ်နားမလည်ဘူး ဖြစ်နေတယ်..
Email လေးပို့  ပြီးရှင်းပြပါလား ….. ကိုကြီး ဝဝ

commentinfo By: ဖိုးဝလေး at Nov 24, 2010
Comment #9

အဟီး ကိုကြီးဝဝ နော်…

commentinfo By: ကိုဇင် at Nov 24, 2010
Comment #10

he,,he,,lol,,,
nice poem

commentinfo By: ei lay at Mar 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment