Professional Authors

မသတီစရာ

မသတီစရာ

 

မထင်ပါနဲ့။

ခင်ဗျားရော၊ ကျုပ်ရော

ဒီလေထုကိုပဲ ရှူနေကြတာ။

သူများနှာခေါင်းနဲ့ အသက်မရှူတိုင်း

သိပ်ထူးသွားမယ် ထင်မနေပါနဲ့။

 

ကျုပ်ကိုပြင်စေချင်ရင်

ခင်ဗျား “မင်” ဖူးလို့လား . . .

ကျုပ်မေးပါရစေ။

 

မငတ်ဘူးဘဲနဲ့

ရှက် ပြတတ်တာများ

အဆန်းလုပ်လို့။

 

အခုတော့

ကျုပ်တို့အားလုံး

အသက်ကိုတောင်

မနည်း နပ်မှန်အောင် ရှူကြရတယ် မဟုတ်လား။

 

ဒီနေ့ကို

လျှော်ဖွတ်ပြီး ၀တ်ပေမယ့်

မနေ့က အောက်သိုးသိုးနံ့ကို စင်အောင်တော့

မဆေးနိုင်ခဲ့ကြဘူးလေ။

 

အဲဒီလောက်နဲ့

အားလုံးတော့ ချွတ်မပစ်လိုက်နဲ့ပေါ့။

 

အ၀တ်က နွမ်းနေပေမဲ့

ခင်ဗျားချည်းသက်သက်ထက်

သတီစရာ ကောင်းနေသေးတယ်။

 

လူကြားတိုးဖို့

လူချည်း မထွက်ခဲ့ပါနဲ့။

 

ကျုပ်ပြောသလို

ကျုပ်တို့ ရှူနေရတာ

ဒီလေထုပဲ။

 

မသိုးမသန့် ဖြစ်စေဦးတော့

ခင်ဗျားချည်းသက်သက်တော့

လူကြားမတိုးမိစေနဲ့။

 မသတီစရာ။

In: ကဗျာ Posted By: Date: Nov 2, 2010
Comment #1

ဂွတ်တယ်ဗျ…….မိုက်တယ်…ကဗျာလေးကောင်းတယ်ဗျို့ …..

commentinfo By: moehtetaung18 at Nov 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment