Professional Authors

မုသားကင်း လမ်းခွဲ (မိုးဇက်)

ရင်ခုန်သံတွေစည်းချက်ညီခဲ့သလို
ချစ်ခြင်းအိပ်မက်တွေလည်းခမ်းနားခဲ့
မျှော်လင့်ခြင်းမနက်ဖြန်တွေလည်း
အရောင်တလက်လက်
ဝေဆာခဲ့ပြီးမှ……

“မေ့လိုက်ပါတော့”တဲ့လား
ကောင်မလေးရယ်…….

ရင်ခုန်သံတွေပျက်သုဉ်း
မျှော်လင့်ခြင်းရောင်နီတွေလည်း
သိပ်မုန်းစရာကောင်းခဲ့တယ်
ကောင်မလေးရယ်…..

သွေးရိုးသားရိုး ချစ်မြတ်နိုးခဲ့ကြတဲ့
အတိတ်တစ်ခုမှာ
ငါ့တို့ချစ်ခဲ့ကြတာ မုသားမပါခဲ့ဘူး
သစ္စာပန်းတွေကြွေ
မေတ္တာလမ်းတွေသွေဖယ်ခဲ့တယ်ဆိုရင်တောင်မှ
ငါတို့ဇာတ်လမ်း သိပ်ခမ်းနားခဲ့ပါတယ်
ကောင်မလေးရယ်………

In: ကဗျာ Posted By: Date: Oct 25, 2010
Comment #1

wahh……. မိုက်တယ် ငါ့အစ်ကို ကဗျာ မိုက်တယ်

commentinfo By: tharthar at Oct 25, 2010
Comment #2

ဒီလိုကဗျာပုံစံလေးတွေကြိုက်ပါတယ် ကို moezat ရေ……အားပေးနေပါတယ်ဗျာ

commentinfo By: moehtetaung18 at Oct 31, 2010
Comment #3

အတိတ်တစ်ခုမှာ
ငါ့တို့ချစ်ခဲ့ကြတာ မုသားမပါခဲ့ဘူး
သစ္စာပန်းတွေကြွေ
မေတ္တာလမ်းတွေသွေဖယ်ခဲ့တယ်ဆိုရင်တောင်မှ
ငါတို့ဇာတ်လမ်း သိပ်ခမ်းနားခဲ့ပါတယ်
ကောင်မလေးရယ်………

commentinfo By: အသဲကွဲမိုး at Jan 11, 2011
Comment #4

ရင်ခုန်သံတွေပျက်သုဉ်း
မျှော်လင့်ခြင်းရောင်နီတွေလည်း
သိပ်မုန်းစရာကောင်းခဲ့တယ်
ကောင်မလေးရယ် …။

commentinfo By: chityellusoelay at Aug 18, 2011
Comment #5

သစ္စာပန်းတွေကြွေ
မေတ္တာလမ်းတွေသွေဖယ်ခဲ့တယ်ဆိုရင်တောင်မှ
ငါတို့ဇာတ်လမ်း သိပ်ခမ်းနားခဲ့ပါတယ်
ကောင်မလေးရယ်………

commentinfo By: k nge lay at Sep 13, 2011
Comment #6

i like both title & poem so much,

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment