သူငယ်ချင်း
အို သူငယ်ချင်း
ဝေးကွာကုန်ပြီငါတို့ချင်း
တချို့ကနယ် ပြန်
တချို့က အလုပ်ဒဏ်ကြောင့်
နွမ်းလျနေတဲ့ ငါ့သယ်ရင်း
အရင်ကဆို
ပြောလည်းမနာ
ဆိုမနာမို့
ရင်ကလာတဲ့
သံယောဇဉ်ခြင်းမို့
သူများထက်နှစ်
အများထက်ပို
ချစ်ခင်မိတဲ့
ငါ့သယ်ရင်း
အခုတော့မင်းတို့တွေနဲ့
ငါနဲ့ဝေးကွာနေတာ
ကြာနေပေမယ့်
မမေ့ပါဘူး ငါ့သယ်ရင်း
အခြေအနေတွေက
ငါ့တို့တွေကို ဆုံဆည်းခွင့်
ပေးခဲ့သလို..။
တွေ့ကြုံကွဲ ဓမ္မတာမို့ ငါ့တို့ခွဲ ရတာ
ငါနားလည်တယ် သူငယ်ချင်း
တစ်ချိန်ချိန် ငါ့တို့
အချိုးတစ်ကွေ့မှာ
ပြန်တွေ့ ခဲ့ ရင်
ငါ့တို့အကြောင်း
ပြန်ပြောင်းပြောလို့
ရယ်ကြစို့လေသူငယ်ချင်း…။
Leave Comments
Email me whenever there is new comment
Copyright © 2013 PoemsCorner. All rights reserved. Terms of Service




Comment #1
right,,
right,,