Professional Authors

ဖြိုးဖြိုး

(မုန့်တစ်ခုရှိရင် တစ်ခြမ်းဖဲ့ကျွေးတတ်တဲ့သူလို)
ရွှေထက်ရှားတဲ့ကဗျာတွေဆို
ဒီနေရာကို သယ်သယ်လာ
အတူတူမျှဝေခံစားခဲ့
သူမဟာ
လပြည့်ဝန်းကြီးအတိုင်းပဲ
နင်ရေးသမျှ ငါအားပေးမယ်
ငါရေးသမျှ နင်ဖတ်ပေး
အဲသလိုပဲ
သူမဟာ ရိုးရှင်းစွာ
ကဗျာကို ဖက်တွယ်
ကဗျာကို တွေး
ကဗျာကို ရေးတယ်
နှစ် ပြီးတော့ နှစ်
ဆန္ဒ ပြီးတော့ ဆန္ဒ
ဘာမှမရှိတဲ့ညတွေတိုင်း
အလံမလဲမြို့ထဲက
မေမေ့ကို လွမ်းနေတတ်သူ။

In: ကဗျာ Posted By: Date: Oct 19, 2010
Comment #1

ဖြိုးဖြိုးအတွက်ရေးပေးထားတာလား
ကဗျာလေးချစ်ဖို့ကောင်းတယ်..။။။။

commentinfo By: အမရာ at Oct 19, 2010
Comment #2

မိုက်တယ် ဆရာတာကော။ ဟုတ်တယ်။ ကဗျာနဲ့လူနဲ့ တစ်ထပ်ထည်း။

commentinfo By: သက်ထွေး at Oct 19, 2010
Comment #3

ကောင်းလိုက်တဲ့ ကဗျာလေး….

commentinfo By: John Moe Eain at Oct 22, 2010
Comment #4

မုန့်တစ်ခုရှိရင် တစ်ခြမ်းဖဲ့ကျွေးတတ်တဲ့သူလို)
ရွှေထက်ရှားတဲ့ကဗျာတွေဆို
ဒီနေရာကို သယ်သယ်လာ
အတူတူမျှဝေခံစားခဲ့
သူမဟာ
လပြည့်ဝန်းကြီးအတိုင်းပဲ

commentinfo By: nwenyeinaye at Sep 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment