Professional Authors

ကြယ်

လွမ်းနေယုံ ပွင့်တဲ့ ပန်းတဲ့ တကယ်တော့ ငါက မှန်းပြီးနမ်းနေယုံဆိုပဲ
သွေးတွေ ရောနေတဲ့ မနက်ခင်းမှာ ငါ့အခန်းထဲမှာတော့ အမည်းရောင်တွေဆိုးလို့
နင်မရှိလို့ နင်သိလား … အဲဒါနင်မရှိလို့
ကြည့်လို့မမြင်တဲ့ တံတိုင်းတွေနဲ့ မနီးစပ်တဲ့ အသိုင်းအ၀ိုင်းကြားမှာ …
နင့်အတွက်တကယ်တော့ ငါဟာ ဖားတစ်ပိုင်း ငါးတစ်ပိုင်း
ဘာလို့လဲသိလား………………..
နင့်နားလည်းနေလို့မရ နင်မရှိတော့ သေရမယ့်ဘ၀လေ…
တကယ်တော့ အဆောင်ယောင်တွေကြားမှာ မှေးမှိန်သွားတတ်တဲ့ ခံစားချက်ကိုကြောက်တယ်
လွမ်းမှမဟုတ်ပါဝူး တမ်းတယုံနဲ့တင် ကျေနပ်တယ်
နင့်ရဲ့ရိုးသားတဲ့ မျက်လုံးတွေကြားမှာ ငါကိုယ်တိုင် အတုံးအရုံးကျရှုံးတာပါပဲ
အိပ်မက်ခြွေချပေးတတ်တဲ့ မနက်ဖြန်ရယ် … နင်ကိုယ်တိုင် ဖြန့်ကျဲထားတဲ့ မျှော်လင့်ခြင်းတွေကြားမှာ
ငါ့ကို မနက်ဖြန်ထက် တစ်ရက်တော့ ပိုမက်ခွင့်ပြုပါ
နင် သိလား ငါဟာ တကယ်တော့ အိပ်မက်ပိုမက်ခွင့်မရှိတဲ့ နင့်ရဲသံယောဇဉ် အကျဉ်းသား
နင်ကိုယ်တိုင်လွှတ်ချမှ ပြုတ်ကျမယ့် ကြယ်….
တကယ်တော့ ငါဟာ … အမှာင်ထဲမှာ အလွမ်းတွေနဲ့လင်းတဲ့ကြယ်

In: ကဗျာ Posted By: Date: Oct 17, 2010
Comment #1

ကောင်းပါ့ဗျာ.

commentinfo By: ic23u0 at Oct 17, 2010
Comment #2

ကျေးဇူးပါ အစ်ကိုတော် အိုင်စီ

commentinfo By: သားသား at Oct 17, 2010
Comment #3

မိုက် မိုက် … 🙂

commentinfo By: ယုစံ at Nov 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment