Professional Authors

ဝေဒနာ

အလွမ်းပြေအဖြစ်
အလွမ်းကဗျာတွေဖွဲ့မိပါတယ်
ပိုလို့တောင်လွမ်းလာတယ်ချစ်သူရယ်။

အလွမ်းပြေအဖြစ်
အလွမ်းသီချင်းတွေညည်းမိပါတယ်
ပိုလို့တောင်လွမ်းမိတယ်ချစ်သူရယ်။

အလွမ်းပြေအဖြစ်
မင်းဓာတ်ပုံလေးထုတ်ကြည့်မိပါတယ်
ပိုလို့တောင်လွမ်းလာမိတယ်ချစ်သူရယ်

အလွမ်းပြေအဖြစ်
မင်းအကြောင်းတွေတွေးမိပါတယ်
ပိုလို့တောင်လွမ်းမိပြန်တယ်ချစ်သူရယ်

ဘာကြောင့်လဲချစ်သူရယ်

လစ်လျူရှုခဲ့တဲ့မင်း
ထားရစ်ခဲ့တဲ့မင်း…..
ပြန်မလာတော့တဲ့မင်း……
ပြောင်းလဲသွားတဲ့မင်း……
ဒါတွေကိုသိနေရင်းက
တမ်းတ  နေမိတာ ဘာကြောင့်လဲကွာ?????

In: ကဗျာ Posted By: Date: Oct 15, 2010
Comment #1

အလွမ်းပြေအဖြစ်
မင်းဓာတ်ပုံလေးထုတ်ကြည့်မိပါတယ်
ပိုလို့တောင်လွမ်းလာမိတယ်ချစ်သူရယ် … တူနေပီဗျို့

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment