Professional Authors

နှုတ်ဆက်ထွက်ခွာသူ

ဒီတစ်ချိန်မှာတော့
ငါအရှုံးပေးလိုက်တယ်
သိလျှက်နဲ့လေ
မင်းမချစ်ခဲ့တာသိပါလျှက်
ငါကိုယ်ငါလျစ်လျူရှုခဲ့တယ်
မင်းကျေနပ်ဖို့တစ်ခုတည်းအတွက်
ငါ့ရဲ့မာနတွေ ခဏချလို့
မင်းရှေ့မှာရပ်နေခဲ့တာ
ဘာအတုအယောင်မှမပါတဲ့
အချစ်နဲ့လူသားပါ။

မင်းရင်ကိုမထိ
ရုပ်အဆင်းနတ္တိနဲ့ငါ
ဘဝမမေ့ခဲ့ပါဘူး
အဖြည့်ခံချင်သူ
အတွေးသက်သက်
မင်းဘေးနားရှိချင်ခဲ့တာပါ

ပန်းတွေနားမှာ ပျားတွေဝဲတာ
မဆန်းပါဘူး
ဒါပေမယ့် ငါက ပန်းပျိုးသူလေ
အတုအယောင်တွေ
ရောင်စုံလူတွေ မင်းသိအောင်
ပြောပြခဲ့ပေမယ့်
အရေအတွက်မက
ထွက်ကျလာတဲ့ ငါ့ရဲ့စကား
မင်းနှုတ်ခမ်းလေး တစ်ချက်အရွှဲ့မှာ
ပိတ်ပင်လိုက်ပါတယ်။

ပန်းလေရေ
ငါပျိုးတဲ့ပန်း ငါအတွက်မဟုတ်ခဲ့ပေမယ်
ငါမမြင်ရက်တော့ဘူး
ရင်ခွင်တွေ ကွဲကြေလို့
အဝေးဆုံးတစ်နေရာ
ငါသွားဖို့အချိန်တန်ခဲ့ပြီ

သြော်…..
သက်ပြင်းချလျှက်
မျက်ရည်တွေနဲ့
နှုတ်ဆက်တယ် ပန်းလေးရေ။

In: ကဗျာ Posted By: Date: Oct 14, 2010
Comment #1

ပန်းလေရေ
ငါပျိုးတဲ့ပန်း ငါအတွက်မဟုတ်ခဲ့ပေမယ်
ငါမမြင်ရက်တော့ဘူး
ရင်ခွင်တွေ ကွဲကြေလို့
အဝေးဆုံးတစ်နေရာ
ငါသွားဖို့အချိန်တန်ခဲ့ပြီ

commentinfo By: အသဲကွဲမိုး at Feb 16, 2012
Comment #2

oh,,,,,,,,,
so kind-hearted,,,

commentinfo By: ei lay at Feb 16, 2012
Comment #3

Thank you for coming and giving comment. Thz a lot.

commentinfo By: Kyaw Soe Oo at Feb 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment