Professional Authors

အိမ်မက်ဘုရင် – နရီထက်

စိတ်ကူးတွေနှင့်ရူး
အိမ်မက်ကြည့်တော့
နွေချိုငှက်ကလေးတွေက
အမုန်းတေးတွေ ဆိုညည်းနေတယ်

ညသန်းခေါင်မှာ နေသာသတဲ့
ဌက်ဆိုး လင်းတတွေက
ကောင်းခြင်းတွေ သယ်ဆောင်လာမဲ့
နိမိတ်ပြပုံလေး ပေးသွားခဲ့တယ်
သူတို့က မလိမ်ညာပါဘူးတဲ့. . .

နန်းပြသာဒ်ဆောင်ထဲဝင်ကြည့်မိတော့
နွယ်ခက် သစ်နွယ်တွေက
ပိတ်မှောင်ကျနေလေရဲ့
တစ်ဘက်စွန်းမှာ
ကျွန်းငယ်တစ်ခုနှင့်
မင်းအတွက် ခေါင်းချစရာ
သစ်ရိပ်နားဘေးက
စမ်းချောင်းငယ်လေး ရှိသေးတယ်လို့
ပရောဟိတ်ပညာတတ်တွေက
ဟောသွားခဲ့တယ်. . .

နံနက်လင်းစ ရောက်တော့
မြေတွေအက်ကွဲ အပူမီးလျှံတွေက
ပွက်ပွက်ဆူလို့
ပန်းကလေးတွေက ငိုလိုက်သေးတယ်
သူတို့ကို ဘယ်သူမှ မကယ်ကြဘူးတဲ့
သစ်ပင်ကြီးတွေက ရောငိုလိုက်သေးတယ်
အင်း. . . ငါတို့လည်း ရွာလည်လောက်ပြီး
မင်းအတွက် အိမ်မက် မပျက်စေချင်ဘူး
ထပ်. . ထပ်. . ထပ်သာ ဆက်မက်စေ. . . ။    ။

နရီထက်
( ၁၂ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment