Professional Authors

အချစ်=အရှုံး

ပွဲစဉ်တစ်ခုရဲ့ ရလဒ်နှစ်ခု
ငါ့အခန်းတံခါးကို လာခေါက်တယ်
(သရေ ဆိုတာ ဒီပွဲမှာ မရှိခဲ့ဘူး)
ပထမဆုံးဧည့်သည်က
အရှုံး
ဟုတ်တယ် ကျရှုံးခြင်းတဲ့
ငါပျူပျူငှာငှာ ကြိုဆိုလိုက်ပါရဲ့
အရှုံးတွေက ငါ့အတွက်ဆိုပါတော့
ဒုတိယ (နောက်ဆုံး)ဧည့်သည်ရောက်လာတယ်
အနိုင်
အောင်နိုင်ခြင်းဆိုတာပေါ့
ငါ ချက်ချင်းပဲ ပြန်လွှတ်လိုက်ပါတယ်
အောင်နိုင်ခြင်းကို နင်သာပိုင်ဆိုင်
တကယ်ချစ်ခဲ့တဲ့ငါ
အရှုံးတွေနဲ့သာ ထိုက်တန်ပါတယ်…။

In: ကဗျာ Posted By: Date: Oct 11, 2010
Comment #1

ကောင်းတယ်ဗျို့…။

commentinfo By: မိုးစက် at Oct 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment