Professional Authors

ရှုပ်ထွေးမှုများ

သည်းလိုက်တဲ့မိုး
ငါနဲ့ထပ်တူပါလား
ရွာမယ့်ရွာ စိုရွှဲအောင်ရွာ
အထီးကျန်ခြင်းကို သယ်ဆောင်သွားပါ
ငါ့အတ္တတွေ ငါ့ဘာသာပြန်ခါး
မာနတွေကို လုံးချေပြီး
စုပုံ မီးရှို့လိုက်ရဲ့
အဲ့တော့မှ ထွက်လာတဲ့မီးခိုးတွေက
မွန်းကြပ်မှုတွေနဲ့ မာနထက်ပိုဆိုးနေတယ်
သောင်းကျန်းနေတဲ့ မခံချင်စိတ်တွေကို
တစ်ရစ်ချင်းလျှော့ချ
ဒေါသတွေအားလုံးကို မေ့ပစ်ဖို့ကြိုးစားနေတယ်
အတိတ်ကို တစ်ခန်းရပ်ပြဇာတ်အဖြစ်ထား
ပစ္စုပ္ပန်ထိ သယ်မလာနဲ့လေ
ဒဿနတွေလည်းမဟုတ်ပါဘူး
ငါ့ကိုယ်ငါဆုံးမတဲ့ စကားတွေပါပဲ
မိုးနည်းနည်းတော့စဲလာပြီ
(တော်ပါသေးရဲ့)
အထီးကျန်ခြင်းတွေ သူသယ်သွားလို့
ပျော်ရွှင်ခြင်းအရိပ်က
ငါ့ဆီတဖြည်းဖြည်း
ငါ့ရင်ထဲ ခိုဝင်ကာနားနေတယ်…။

In: ကဗျာ Posted By: Date: Oct 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment