Professional Authors

ချစ်သူလနတ်သမီး

ပ၀ါဖြူတွေ လေမှာခတ်သံနဲ့
ငါအလွတ်ရနေတဲ့ သူ့ခြေသံခပ်ဖွဖွ
သူ ငါ့ကိုများ ကျီစားတော့မလား
ငါ့နားလျှောက်လှမ်းလာသလိုလိုနဲ့
ခပ်ဝေးဝေးကို ပုန်းကွယ်
မကျီစားပါနဲ့ ဒီမှာ ရူးတော့မယ်
ဖြူလျော့လျော့ သူဝတ်ဆင်
တကယ်ကို ညက လှနေခဲ့တယ်
သူ့ခြေဖ၀ါး ဖြူဖြူ ငါ့နားမှာရပ်လို့
ဘေးနားမှာ ၀င်ကာထိုင်ပါတော့လား
မာကျူရီ မီးလုံးရောင်ကြောင့်
ကျလာတဲ့မိုးစက်တွေ
ပိုအသက်ဝင်လာသလို ခံစားရတယ်
သူ ငါ့အနား ငြိမ်ငြိမ်လေးထိုင်
လက်လွှတ်ရမှာကိုကြောက်နေမိတယ်
 c0ffeeခါးခါးတွေနဲ့
ညကိုအသက်ဆက်ရင်း
သူအလာကို မျှော်နေခဲ့တာ
ရောက်လာတော့လည်း
ရေရေရာရာမရှိ ရင်ခုန်နှုန်းသာ မြန်နေခဲ့တယ်
သူ့ဖြုလွှလွှ ပ၀ါပါးနဲ့အတူ
ငါ့အဝေးကို သူပြန်ထွက်ခွာ
မနက်ရောက်ခါနီးတိုင်း ဒီလိုပဲ
သူငါ့ကို ချန်ချန်ထားခဲ့တယ်
နေ့တွေကို မျက်စိကျိန်းအောင် ဆက်ဆံရင်း
ညရောက်အောင် c0ffeeနဲ့မျှော်နေမိ
ဟော,,,
သူလာပြီ
ဖြူလွှလွှ ပ၀ါပါးတွေနဲ့အတူ
ဖြေသံခပ်ဖွဖွ
ငါ့ရင်ခုန်သံ မြန်လာပြန်တယ်….။

In: ကဗျာ Posted By: Date: Oct 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment