Professional Authors

“လွတ်ငြိမ်းခွင့်”

မင်းအတွက် ခိုဝင်ဖို့….
ရင်ခွင်တစ်ခု ဟာ
အဆင်သင့် လို့ ရှိနေပြီ ပဲ
မတားပါဘူး….သွားလိုက်ပါ…
မင်းမရှိတဲ့….ဘေးတစ်ဖက်ခြမ်းမှာ
ငါ့လက်တွေ ရမ်းနေတာက လွဲလို့
ဘာမှ မဆန်းလို့ပါ…
လူဆိုတာ…
တစ်သက်မှာ တစ်ခါတော့
မိုက်မိမှာ ဘဲ…
အရှိုက်မထိ သေးသရွှေ့ တော့
အငိုက်မိ နေမိမှာဘဲ
အသက်ရှိနေ သေးသရွှေ့တော့
ဆက်ချစ်မိ နေအုံးမှာဘဲ
ခါးမှန်းသိ ပေမယ့်လည်း
ဆက်ပြီး ၀ါးမိနေအုံးမှာဘဲ
ငါ့ကိုယ် ငါမှ….မကယ်နိုင်ဘဲ
အနံ မကျယ် ရဲပါဘူး
ဒါပေမဲ့လည်း…
အလွမ်းနေ့ တွေထဲမှာဘဲ
ရစ်ဝဲ လို့ မနေပါရစေ နဲ့
နောင်ဘ၀ထိ…မကျွှတ်ပဲ
တရွတ်တွဲ လို့ နေမှာစိုးလို့
ဖြစ်နိုင်ရင်…
ဒီဘ၀…ဒီမျှသာပဲ
လွတ်ပွဲလေး နွဲပြီး
ကျွှတ်ပွဲ လေး ၀င်ပါရစေ
ငါ့ရင်ကို ဇွတ်ခွဲ သူရေ…..
ksh

In: ကဗျာ Posted By: Date: Oct 10, 2010
Comment #1

ကြိုက်တယ်..

commentinfo By: Khe Gaw at Oct 11, 2010
Comment #2

ကျေးဇူးတင်ပါတယ် ခင်ဗျာ…..

commentinfo By: စောတိမ်နွယ် at Oct 11, 2010
Comment #3

ကြိုင်္ကတယ်

commentinfo By: sawmyawadi at Mar 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment