Professional Authors

နောက်ဆုံးပြောချင်တာက

ချစ်သူ၇ယ်
ခွဲခွာခြင်းဆိုတာ
ချစ်သူတိုင်းအတွက်
ခါးသီးတယ်ဆိုပေမယ့်
ကိုယ်တောင်းပန်ပါတယ်။
ကိုယ်မပြောချင်လည်းပြော၇တော့မှာပေါ့

နောက်ဆုံးပြောပြချင်တာက
စတွေ့တယ့်နေ့ကအကြောင်းပေါ့
အပြာေ၇ာင်ဂျင်းကုတ်လေးနဲ့
အနီေ၇ာင်ဦးထုတ်လေးနဲ့မင်းကိုပေါ့
စတွေ့ခဲ့တာလေ
ဘယ်သူသိမှာလဲ
ကိုယ်၇င်ခုန်ခဲ့တာ
မိန်းကလေးတန်မဲ့
မင်းကို
တဖတ်သတ်ချစ်ခဲ့၇သူပါ။

နောက်ဆုံးပြောပြချင်တာက
မင်းချစ်ခွင့်ပန်တယ့်နေ့ကပေါ့
ကိုယ်ဘယ်လောက်ပျော်လွန်းလို့
အိပ်မပျော်ခဲ့လဲဆိုတာ
မင်း…သိမှသိပါ့မလားဟင်

နောက်ဆုံးပြောပြချင်တာက
တို့အိမ်သန်းခေါင်စာ၇င်းလေး
တစ်စစီ
ပျက်စီးသွားခဲ့ပြီလေ
ကိုယ့်မျှော်လင့်ချက်တွေ
သဲထဲေ၇သွန်ပေါ့……..

နောက်ဆုံးပြောပြချင်တာက
ကိုယ်………
ဒီလောကထဲမှာ
ဆက်မနေချင်တော့ဘူး
တကယ်ပါ
ချစ်သူလက်ကိုဆွဲပြီး
အဝေးတစ်နေ၇ာကိုထွက်သွားချင်ပေမယ့်
ဘ၀ဟာအချစ်နဲ့တည်ဆောက်ထားတာမဟုတ်ဘူး
အချစ်ဟာဘ၀နဲ့တည်ဆောက်ထားတာပါ
အခြေအနေမတူတယ့်တို့နှစ်ယောက်
ဘယ်လိုရှေ့ဆက်ကြမှာလဲ

ကိုယ့်ကိုမချစ်ပါနဲ့တော့
စွန့်လိုက်ပါတော့ချစ်သူ၇ယ်
ကိုယ်ဒီစကားတွေမပြောချင်လည်းပြော၇တော့မယ်
သဘောမတူဘူးဆိုတယ့်
မင်းမိဘတွေစကားအောက်မှာ
ကိုယ့်မျက်၇ည်တွေအစပျောက်ခဲ့၇တာ
မင်းသိရဲ့လားဟင်

နောက်ဆုံးပြောချင်တာက
မနက်ဖြန်ဆိုတာမေ၇၇ာတော့တယ့်
ကိုယ်နဲ့
လက်မတွဲချင်ပါနဲ့တော့
မိဘစကားပဲ
နားထောင်ပါတော့နော်
မင်းပြောခဲ့တယ့်
ဝတ္တုထဲကလိုပဲ
ကိုယ်တို့မှာ
ခံစားတတ်တယ့်နှလုံးသားတစ်စုံရှိပေမယ့်
စဉ်းစားတတ်တယ့်ဦးနှောက်တစ်စုံစီရှိတာက
ဝေးကွာ၇ခြင်းရဲ့
အဓိကအကြောင်းအ၇င်းပေါ့ချစ်သူ၇ယ်

နှုတ်ဆက်ခဲ့ပါတယ်နော်
မင်းနဲ့အတူ
ဘ၀ကို
အတူဖြတ်သန်းမယ်ဆိုပြီး
ကိုယ်အ၇င်လမ်းခွဲခဲ့တာ
အားနာလိုက်တာ…………

In: ကဗျာ Posted By: Date: Oct 9, 2010
Comment #1

ဘ၀ဟာအချစ်နဲ့တည်ဆောက်ထားတာမဟုတ်ဘူး
အချစ်ဟာဘ၀နဲ့တည်ဆောက်ထားတာပါ
အခြေအနေမတူတယ့်တို့နှစ်ယောက်
ဘယ်လိုရှေ့ဆက်ကြမှာလဲ
မှန်ပါတယ် အချစ်ဟာ ဘ၀နဲ့တည်ဆောက်ရတာပါ

commentinfo By: Gipsy Lay at Oct 9, 2010
Comment #2

Great !!!
ေ၇ချိုးခန်းအထဲက စိတ်ကူးယဉ်ဘ၀ထဲမှာ ရုန်းထွက်ပါတော့

commentinfo By: စတတ်သူလေး at Oct 10, 2010
Comment #3

နှုတ်ဆက်ခဲ့ပါတယ်နော်
မင်းနဲ့အတူ
ဘ၀ကို
အတူဖြတ်သန်းမယ်ဆိုပြီး
ကိုယ်အ၇င်လမ်းခွဲခဲ့တာ
အားနာလိုက်တာ…………

So Good!!!!!!

commentinfo By: zinzin at May 27, 2011
Comment #4

ဘာဖြစ်ဖြစ်ပါ
မဖြစ်သင့်တော့မှန်းသိတဲ့အခါ
လမ်းခွဲသင့်ရင် လမ်းခွဲလိုက်ရမှာပဲလေ

commentinfo By: မေပျို at Jan 22, 2013
Comment #5

🙁
.:'(
Hint,,,Lu lane.wine Su khine thein pyaw ta lo pyaw kyi dar par.

commentinfo By: ei lay at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment