Professional Authors

“မိနွေး” ဖတ်ဖို့

.…. မိနွေး …..
အချစ်ဆိုတာ
တစ်ခွက်ခြင်းမော့သောက်လို့ရတဲ့
ဝိုင်ချိုချိုတစ်ခွက်မှမဟုတ်သလို့
ပုံသေနည်းတွေနဲ့စနစ်တကျ တွက်ချက်ရတဲ့
ပုစ္ဆာတစ်ပုဒ်လဲမဟုတ်ဘူး။

….. မိနွေး …..
ဂုဏ်ပကာသနမပါတဲ့
ငါတို့ရဲ့ဆက်ဆံရေး
ဘယ်လိုခေါင်းစဉ်တပ်မှာလဲ
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတာရှိခဲ့တာပဲ။

….. မိနွေး …..
နက္ခတ်တွေကိုခြေရာခံရင်း
ရှေးဟောင်းကျမ်းစာအလိုအရ
မင်းဟာငါရဲ
နံရိုးတစ်ချောင်းဖြစ်တယ်
ပန်းသီးတစ်လုံးဖြစ်တယ်
ဓါးတစ်လက်ဖြစ်တယ်
ပျောက်နေတဲ့ငါ့ရဲ့
ကိုယ်တစ်ခြမ်းလည်းဖြစ်နေလေရဲ့

….. မိနွေး …..
ငါတို့
တစ်ယောက်ကိုတစ်ယောက်
နားလည်ပေးနိုင်ကြတယ်
တစ်ယောက်နဲ့တစ်ယောက်
မွတ်သိပ်စွာချစ်ခဲ့ကြတယ်
တစ်ယောက်အပေါ်တစ်ယောက်
ယုံကြည်မှုရှိခဲ့ကြတာ
ဘယ်ပေတံနဲ့မှတိုင်းစရာမလိုဘူး။

….. မိနွေးရေ …..
တသက်လုံး ဝေးကြရမှာမှ
မဟုတ်တာ
အကောင်းဆုံးသော အချိန်တွေကို သိုဝှက်ပြီး
မစို့မပို့လေးနဲ့ပဲ
လွမ်းနေလိုက်ကြတာပေါ့။
In: ကဗျာ Posted By: Date: Oct 9, 2010
Comment #1

oh,,god,
i love all photo,title,poem.
excellent creation.
😛

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment