Professional Authors

ယိုင်လဲခြင်း

ပျိုး…..
တယုတယနဲ့..ယုယုယယပျိုးခဲ့ရတာပါ
ငါချစ်သူလေး….ရှင်သန်စေဖို့..
နင်လိုအပ်တိုင်း…အလိုရှိတဲ့အရာတိုင်း…
နင့်ထံအရောက်ဆောင်ယူနိုင်ဖို့
ငါ..ချွေးမြေကျအောင်.ကြိုးစားခဲ့တာ…

ရိုး……
နင့် ပြင်းထန်တဲ့စွပ်စွဲချက်တွေ
ငါ့ကို အနာကျင်ရဆုံးစကားလုံးတွေသုံး
ရက်ရက်စက်စက်…တိုက်ခိုက်ခဲ့တာ..
သရေ ကျဖို့ မက ရှုံးနိမ့်စေခဲ့တာ……

အနားမှ မရှိ…ဝေးရလေတိုင်း
ဆွေးနေရတဲ့..ငါ့မျက်ဝန်းတွေ…..
ဒီအလွမ်း..မျက်ရည်တွေကို…
မကာဆီး..မထိန်းချုပ်နိုင်တော့ဘူး……

ဝေး…….
ဝေးပါစေတော့…..ဘ၀တွေခြားသည်အထိ
ငါအနားမှာ တည်ရှိခြင်းက
ငါ့ချစ်သူအတွက်..အနာတရ….
ငါ့လွမ်းတေးတွေက
ငါ့ချစ်သူအတွက်…..သံသယ
ငါ့ချစ်ခြင်းတွေက…..
ငါ့ချစ်သူအတွက်…..အမှိုက်သက်သက်
……
နင်မရှိလို့ မဖြစ်တဲ့..ငါ
ငါရှိလို့..မဖြစ်တဲ့နင့်အတွက်…….
ဘယ်လိုမှ
ညှိမရတဲ့..ဒီသံယောဇဉ်လွန်ဆွဲပွဲမှာ…..
ငါတယောက်ထဲ..ရူးသွပ်ခဲ့သူမှာ
ကျန်ရစ်ခဲ့ခြင်းသာ….ငါ့ရဲ့ပန်းတိုင်ပါ။

In: ကဗျာ Posted By: Date: Oct 8, 2010
Comment #1

နင်မရှိလို့ မဖြစ်တဲ့..ငါ
ငါရှိလို့..မဖြစ်တဲ့နင့်အတွက်…….
ဘယ်လိုမှ
ညှိမရတဲ့..ဒီသံယောဇဉ်လွန်ဆွဲပွဲမှာ…..
ငါတယောက်ထဲ..ရူးသွပ်ခဲ့သူမှာ
ကျန်ရစ်ခဲ့ခြင်းသာ….ငါ့ရဲ့ပန်းတိုင်ပါ။

Comment #2

မမိုး…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 17, 2011
Comment #3

ဒီကဗျာလေးဖတ်ပြီးတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ချစ်ဖြိုးအိမ်ဆိုတဲ့ ကဗျာဆရာတစ်ယောက်ကို သတိရမိတယ်။ ကဗျာလေး ကောင်းတယ်ဗျ။ အားပေးသွားပါတယ်။
ချီရွန် ( ပုလဲ )

commentinfo By: chiron at Mar 14, 2012
Comment #4

ma moe yae..
ei lay a yan kyike de,,both title & poem.

commentinfo By: ei lay at May 4, 2012
Comment #5

:'(
:'(
:'(

commentinfo By: ei lay at Sep 6, 2012
Comment #6

Arr pay twar tal moe yay
Very good Gyi bay 🙂

commentinfo By: Kaythari at May 2, 2013
Comment #7

နင်မရှိလို့ မဖြစ်တဲ့..ငါ
ငါရှိလို့..မဖြစ်တဲ့နင့်အတွက်…….
ဘယ်လိုမှ
ညှိမရတဲ့..ဒီသံယောဇဉ်လွန်ဆွဲပွဲမှာ…..
ငါတယောက်ထဲ..ရူးသွပ်ခဲ့သူမှာ
ကျန်ရစ်ခဲ့ခြင်းသာ….ငါ့ရဲ့ပန်းတိုင်ပါ။

commentinfo By: tabound at May 2, 2013
Comment #8

မိုက်​စ့်

commentinfo By: မာန်​ခက်​ဝင့်​ at Jun 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment