Professional Authors

လမ်းခွဲ

တစ်နေ့မှာ..
ဟန်ဆောင်ချစ်ခြင်းတွေ ..
အရေခွံလဲ မှာ သိရက်နဲ့ ..
ချစ်သူရဲ့ ..
ဟန်ဆောင်အပြုံးတွေကို ..
ဖြူစင်စွာ မြတ်နိုးခဲ့မိတဲ့ ..
နှလုံးသားတစ်စုံက ..
ဘာကြောင့်များ ..
ဝမ်းနည်း ကြေကွဲနေဦးမှာလဲ ?

နှစ်သိမ့်အပြုံးတွေကို ..
ရင်နာစွာနဲ့ ရှာဖွေသိရှိခဲ့ပြီပဲ ..
ပစ်ခွာပြေးတော့လဲ
အတိတ်မှာ နာကျင်စွာနဲ့
နေရစ်ခဲ့ရတော့မှာပေါ့..

ကိုယ်ဒို့  နှစ်ဦးရဲ့
တစ်ခန်းရပ် ပြဇာတ်လေးကတော့
ဇာတ်သိမ်းမကောင်းခဲ့ဘူးပေါ့ကွယ်
လမ်းခွဲခဲ့ကြတာမဟုတ်ဘူးနော်
လမ်းလွဲခဲ့ကြတာပါ .. ချစ်သူ ..

အချစ်ကို ..
ယုံကြည်ကိုးကွယ်မိကတည်းက ..
နောက်ဆက်တွဲ ..
သံသယ တွေကို မျက်ကွယ်ပြုခဲ့မိတဲ့ ..
ကိုယ့်ရဲ့ အပြစ်တွေပါ .. ။ ။

In: ကဗျာ Posted By: Date: Oct 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment