Professional Authors

မင်းမကြိုက်တဲ့ ကဗျာ

ကိုယ်က ကဗျာရေးလိုက်တာ…
သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး
နီကိုရဲအကြောင်း မကြည်ပြာကရေးလိုက်သလား
အကြည်တော်အကြောင်း မြင့်စန်းရီက ရေးလိုက်သလား
ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းတယ်။

ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းရင်
ဖတ်လို့ကောင်းတယ်လို့မှတ်ပါ။
ကိုယ်ကကဗျာရေးလိုက်တာ
သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး။

အဲ့ဒီသရုပ်ဖော်ပုံလေးတွေက
အလကားရတာမဟုတ်ဘူး
ဘောလ်ပင်ထိပ်ဖူးတွေက
နှလုံးသားကိုခြစ်ပြီးထွက်လာတာ။
မမြင်နိုင်တဲ့ လင်းလက်မှု့လေးတစ်ချက်မှာ
ကိုယ့်အသက်ဓါတ်တွေထဲမှာ ထခုန်နေတဲ့ နန်းမျှင်လေးတွေပါ။
ကိုယ် Log ဖမ်းလိုက်တဲ့ အကြည်ဓါတ်ကလေးတွေက
နေ့ရက်တွေရှည်ထွက်ဖို့ပါ။
ကိုယ်က ကဗျာရေးလိုက်တာ
သ၀န်တိုဆေး ဖေါ်လိုက်တာမဟုတ်ဘူး။

In: ကဗျာ Posted By: Date: Oct 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment