Professional Authors

ဂုဏ်+ငွေ=အချစ်

‘အရမ်းချစ်တယ် ကိုယ်ရယ်’
ဒီစကားကိုမင်းအချိန်တစ်ခုကပြောခဲ့တယ်….
အဲဒီအချိန်ကငါအရမ်းပျော်ရွှင်ခဲ့ရတယ်
ကြည်နူးခဲ့ရတယ် ပျော်မြူးခဲ့ကြတယ်…….
အဲဒီအချိန်ကပျော်မြူးခြင်းတွေကို
ပြန်ဝယ်လို့ရမယ်ဆိုရင် ၀ယ်ထားချင်တယ်
ဒါပေမယ့် ၀ယ်ထားမှာက ပျော်ရွှင်ခြင်းကိုပဲ
မင်းကိုချစ်ခဲ့တဲ့ ငါ့ရဲ့အချစ်ကိုမဟုတ်ဘူး……
‘နင့်ကိုငါအရမ်းမုန်းတယ်’
ဒီစကားကိုပြောလိုက်တဲ့ အချိန်မှာတော့
ငါဝမ်းနည်းမှုမရှိတော့ဘူး……..
မင်းရဲ့သစ္စာမရှိခဲ့တဲ့ အချစ်ကို
ငါလည်းမလိုချင်တော့ပါဘူး……….
မက်မောမှုလည်းမရှိပါဘူး………
အချစ်စစ်ကိုမတွေ့မခြင်းပေါ့
ဂုဏ်တွေ ငွေတွေကအချစ်စစ်နဲ့လဲလို့ရခဲ့မှန်း
ငါတစ်ချိန်ကမသိခဲ့ပါဘူး………..
ခုတော့ငါသိခဲ့ပြီ…(ဂုဏ်+ငွေ=အချစ်)
ဒါပေမယ့် အဲဒိအချစ်ကို
ငါမလိုချင်ဘူး……….
ငါလိုချင်တာ စစ်မှန်တဲ့ချစ်ခြင်းတစ်ခုပဲ
ငါလိုက်ရှာခဲ့တယ် တွေ့လိုက်ရတဲ့အချစ်တွေက
အချစ်မှမဟုတ်ခဲ့တာ……….
ဂုဏ်တွေ ငွေတွေပဲ……..
ဒါပေမယ့် ငါလိုက်ရှာနေမှာပါပဲ
ပကာသနမပါတဲ့အချစ်
လွတ်လပ်တဲ့အချစ်တစ်ခုကိုပေါ့………..
                 (မိုးထက်)

In: ကဗျာ Posted By: Date: Oct 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment