Professional Authors

ဒါပေမယ့်

မကြားချင်တော့ဘူး ဒီအသံတွေကို
ဒါပေမယ့် နားစွင့်နေမိတုန်းပဲ
မမြင်ချင်တော့ဘူး ဒီအဖြစ်အပျက်တွေကို
ဒါပေမယ့် လိုက်ရှာနေမိတုန်းပဲ
ပြန်မရချင်တော့ဘူး ဒီလိုနေ့မျိုးကို
ဒါပေမယ့် တောင့်တနေမိတုန်းပဲ
မခံစားနိုင်တော့ဘူး ဒီအကြောင်းအရာကို
ဒါပေမယ့် ချိုမြိန်နေမိတုန်းပဲ
မလွမ်းချင်တော့ဘူး ဒီအချိန်တွေကို
ဒါပေမယ့် တမ်းတနေမိတုန်းပဲ
မဖြတ်သန်းချင်တော့ဘူး ဒီအိပ်ပျက်ညတွေကို
ဒါပေမယ့် ပြန်လိုချင်နေတုန်းပဲ
နှုတ်ဆက်ခဲ့ချင်တယ် ဒီခံစားချက်တွေကို
ဒါပေမယ့် စီးမျောနေချင်တုန်းပဲ
မုန်းမေ့မိချင်တယ် ဒီရူးသွပ်မှုတွေကို
ဒါပေမယ့် ရင်ခုန်နေချင်တုန်းပဲ
မရေးချင်တော့ဘူး ဒီလိုကဗျာမျိုးကို
ဒါပေမယ့် ကာရံတွေရှာနေမိတုန်းပဲ
ရင်မဆိုင်ချင်တော့ဘူး ဒီလိုပတ်ဝန်းကျင်မျိုးကို
ဒါပေမယ့် တိုးဝင်နေမိတုန်းပဲ
ကုန်လွန်သွားစေချင်တယ် ဒီအချိန်တွေကို
ဒါပေမယ့် ရှင်သန်နေစေချင်တုန်းပဲ
“မင်း” ဆိုတာကို မုန်းမေ့သွားချင်မိတယ်
ဒါပေမယ့် …………………………..

In: ကဗျာ Posted By: Date: Oct 1, 2010
Comment #1

မိုက်တယ်ဗျား …
ခံစားချက်ချင်း တိုက်ဆိုင်တာပဲ …
ဆက်ရေး ပါလား သူငယ်ချင်း …
ဒါပေမယ့် …. ရဲ့ နောက်မှာ ဘာတွေ ဖြစ်အုံးမှာလဲ ဟင် ….

commentinfo By: minchansike at Jun 22, 2011
Comment #2

မကြားချင်တော့ဘူး ဒီအသံတွေကို
ဒါပေမယ့် နားစွင့်နေမိတုန်းပဲ
မမြင်ချင်တော့ဘူး ဒီအဖြစ်အပျက်တွေကို
ဒါပေမယ့် လိုက်ရှာနေမိတုန်းပဲ
ပြန်မရချင်တော့ဘူး ဒီလိုနေ့မျိုးကို
ဒါပေမယ့် တောင့်တနေမိတုန်းပဲ
မခံစားနိုင်တော့ဘူး ဒီအကြောင်းအရာကို
ဒါပေမယ့် ချိုမြိန်နေမိတုန်းပဲ
မလွမ်းချင်တော့ဘူး ဒီအချိန်တွေကို
ဒါပေမယ့် တမ်းတနေမိတုန်းပဲ
မဖြတ်သန်းချင်တော့ဘူး ဒီအိပ်ပျက်ညတွေကို
ဒါပေမယ့် ပြန်လိုချင်နေတုန်းပဲ
နှုတ်ဆက်ခဲ့ချင်တယ် ဒီခံစားချက်တွေကို
ဒါပေမယ့် စီးမျောနေချင်တုန်းပဲ
မုန်းမေ့မိချင်တယ် ဒီရူးသွပ်မှုတွေကို
ဒါပေမယ့် ရင်ခုန်နေချင်တုန်းပဲ
မရေးချင်တော့ဘူး ဒီလိုကဗျာမျိုးကို
ဒါပေမယ့် ကာရံတွေရှာနေမိတုန်းပဲ
ရင်မဆိုင်ချင်တော့ဘူး ဒီလိုပတ်ဝန်းကျင်မျိုးကို
ဒါပေမယ့် တိုးဝင်နေမိတုန်းပဲ
ကုန်လွန်သွားစေချင်တယ် ဒီအချိန်တွေကို
ဒါပေမယ့် ရှင်သန်နေစေချင်တုန်းပဲ
“မင်း” ဆိုတာကို မုန်းမေ့သွားချင်မိတယ်
ဒါပေမယ့် ။။။။။။။။။ ။။။။။။။။။။။။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #3

“မင်း” ဆိုတာကို မုန်းမေ့သွားချင်မိတယ်
ဒါပေမယ့် …………………………..ခံစားချက်ချင်းတိုက်ဆိုင်လို့အားပေးသွားတယ်နော်

commentinfo By: ကြယ်စင်နတ်သမီး at Jul 16, 2011
Comment #4

So great!!!!!!!

commentinfo By: စုနိုင် at Dec 12, 2011
Comment #5

မုန်းမေ့မိချင်တယ် ဒီရူးသွပ်မှုတွေကို
ဒါပေမယ့် ရင်ခုန်နေချင်တုန်းပဲ
မရေးချင်တော့ဘူး ဒီလိုကဗျာမျိုးကို
ဒါပေမယ့် ကာရံတွေရှာနေမိတုန်းပဲ

“မင်း” ဆိုတာကို မုန်းမေ့သွားချင်မိတယ်
ဒါပေမယ့် ………………………….. ”

Really love this 🙂

commentinfo By: Myat Noe at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment