Professional Authors

နင့်ကို ချစ်ခဲ့တာ ငါမှားခဲ့တယ်……။

ငါ့အရင်တစ်ယောက်နဲ့ ခဏခဏနှိုင်း
အချစ်စစ်တွေရှိခဲ့တဲ့ ငါ့ကို
သံသယတွေနင်မွေးဖွားခဲ့တယ်…….။

ဘာမှန်းမသိတဲ့ ကိစ္စတွေနဲ့
အရွဲ့တိုက်မှုတွေဆက်တိုက်ခင်း…..
ပြသာနာတွေ နင်ရှာခဲ့တယ်……။

ပျော်ရွှင်မှုတွေ ငါဖန်တီးပေးလည်း….
တခြားသူတွေနဲ့ နင်ခိုင်းနှိုင်း…..
အတွေးဆိုးတွေနဲ့ နင်…..မကြည်နူးနိုင်ခဲ့ဘူး…..။

နင့်ကို အချစ်နိုင်ဆုံး “ငါ” ဆိုတာ ….
နင်ကိုယ်တိုင် လက်ခံနိုင်ခဲ့လည်း……
ရှုပ်ခဲ့ဖူးတဲ့…..ငါ့အတိတ်တွေနဲ့
နင်ငါ့ကို ငြိုငြင်ခဲ့တယ်…….။

နင့်အတွက် ငါရှင်သန်နေတာ
နင့်ယုံကြည်ခဲ့ပေမယ့်…..
မထီမဲ့မြင်တွေ အသုံးပြု
ငါ့ရဲ့သည်းခံနိုင်မှုတွေကို နင်အကဲစမ်းခဲ့တယ်…..။

ဒီလိုနဲ့ပဲ…..
အရာရာကို အရှုံးပေးရင်း….
နင့်ရဲ့စွန့်ခွာခြင်းကို ခံခဲ့ရတဲ့ငါ…..
သက္ကရာဇ်တွေ နောက်ပြန်ကြည့်တော့
နင့်ကို ချစ်ခဲ့တာ  ငါမှားခဲ့တယ်……။

In: ကဗျာ Posted By: Date: Sep 30, 2010
Comment #1

တကယ်တော့ အတိတ်ဆိုတာကို အနာဂတ်ထဲ အမြဲဆွဲသွင်းဖို့မသင့်ဘူး။
အခုကိုယ့်ကိုချစ်တဲ့သူက ကိုယ်နဲ့ချစ်နေချိန်မှာ သစ္စရှိနေရင်၊ ကိုယ့်ကိုဘဲ့ချစ်တယ်ဆိုတာသေချာနေရင် ကိုယ့်ဘက်ကလည်း သူ့အပေါ် သံသယ ကင်းသင့်ပါတယ်။

commentinfo By: Thandar005 at Sep 30, 2010
Comment #2

ငါဒီလောက် အထိတောင်
ချစ်နိုင်ခဲ့ပါလားလို့ဂုဏ်ယူလိုက်ပါလား…….

commentinfo By: jenny at Sep 30, 2010
Comment #3

အရမ်းခိုက်တယ်…..ကောင်းတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #4

အရမ်းကြိုက်တယ် … ခံစားချက်တွေက နည်းနည်းတော့တိုက်ဆိုင်နေတယ် .. အားပေးနေမယ်နော်…

commentinfo By: than than at Jan 4, 2011
Comment #5

အားပေးသွားတယ်နော်

commentinfo By: kyalsinlaye at Jun 21, 2012
Comment #6

သက္ကရာဇ်တွေ နောက်ပြန်ကြည့်တော့
နင့်ကို ချစ်ခဲ့တာ ငါမှားခဲ့တယ်……။
ဒီစာလုံးလေးကြိုက်တယ်….

ရိုးသားစွာ အားပေးသွားပါ၏…

commentinfo By: deadxromeo at Jun 21, 2012
Comment #7

အရာရာကို အရှုံးပေးရင်း….
နင့်ရဲ့စွန့်ခွာခြင်းကို ခံခဲ့ရတဲ့ငါ…..
သက္ကရာဇ်တွေ နောက်ပြန်ကြည့်တော့
နင့်ကို ချစ်ခဲ့တာ ငါမှားခဲ့တယ်……။

commentinfo By: meso at Nov 4, 2012
Comment #8

ထပ်တူကျခံစားရပါတယ်

commentinfo By: Phoo mhone at Mar 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment