Professional Authors

ဖြေသိမ့်လို့ရတယ်

နင့်ကိုသတိရလို့
ရင်တွဲမတက်လွမ်းနာကျခဲ့ရတဲ့ငါ
တခြားတစ်ယောက်ကို နင်ပေးဆပ်နေတာတွေနဲ့…..
ဖြေသိမ့်လို့ရတယ်……။

နင်နဲ့တွေ့ချင်လို့ ငါ့ရင်တွေ တဆစ်ဆစ်နာကျင်လာတဲ့အခါ
မရှားပါးတဲ့ အကြင်နာတွေအကြောင်း
နင်အကျွမ်းတ၀င်ပြောနေတာတွေနဲ့
ဖြေသိမ့်လို့ရတယ်…..။

ငါ့ခံစားချက်တွေ အားကိုးရာမဲ့လို့
နင့်ရဲ့အကျင့်ကောင်းတွေရှာဖွေမိတဲ့အခါ
စာနာမှုမရှိဘဲ နင်ထားခဲ့တာတွေနဲ့
ငါဖြေသိမ့်လို့ရတယ်…..။

နင်ချစ်ပါ့မလားလို့
ငါ့မှတ်ဥာဏ်တွေက သိချင်လာတဲ့အခါ
ဖြေရှင်းမှုမရှိဘဲ နင်အရူးလုပ်ခဲ့တာတွေနဲ့
ဖြေသိမ့်လို့ရတယ်…..။

နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။

In: ကဗျာ Posted By: Date: Sep 30, 2010
Comment #1

ကေသရီ ၇ဲ့ ကဗျာ တွေဟာ တကယ့်အဖြစ်အပျက်တွေ လို စိတ်ထဲမှာမြင်ယောင်နေ စေတယ်

commentinfo By: Flora White at Sep 30, 2010
Comment #2

လက်လက်ဆက်ဆက် ခံစားချက်တွေနဲ့ရင်းပြီးစပ်ထားတာပါ Flora White ရယ်

commentinfo By: ကေသရီ at Sep 30, 2010
Comment #3

ယုံပါတယ် မကေသ၇ီ

commentinfo By: Flora White at Sep 30, 2010
Comment #4

ယုံပါတယ် မကေသ၇ီ
တကယ်ကို ခံစား၇တာပါ

commentinfo By: Flora White at Sep 30, 2010
Comment #5

အမရေးတဲ့ ကဗျာလေးတွေတော်တော်ကောင်းတယ် . .

commentinfo By: Guava at Sep 30, 2010
Comment #6

နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #7

တထပ်ထဲပါပဲလာခံစားချက်နဲ့

commentinfo By: songmoezin at Feb 3, 2011
Comment #8

နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။

commentinfo By: ခင်ဘုန်းနေ at Mar 16, 2011
Comment #9

နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။

အဲဒီအပိုဒ်လေးအရမ်းလှတယ်

commentinfo By: venus18 at Mar 17, 2011
Comment #10

တကယ်ကိုကောင်းပါတယ်.။

commentinfo By: အထီးကျန်သူ at Jun 10, 2011
Comment #11

နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။

“ဖြေသိမ့်လို့ရခဲ့တာတွေ အကုန် နားလည်နေရင်း
နင်မသိတဲ့ တစ်နေရာမှာ
ငါလည်း နောင်တတွေနဲ့ ဖြေသိမ့်နေတယ်……။ ။”

commentinfo By:ိဝေးခဲ့သူ at Jun 10, 2011
Comment #12

နင့်ကိုသတိရလို့
ရင်တွဲမတက်လွမ်းနာကျခဲ့ရတဲ့ငါ
တခြားတစ်ယောက်ကို နင်ပေးဆပ်နေတာတွေနဲ့…..
ဖြေသိမ့်လို့ရတယ်……။

နင်နဲ့တွေ့ချင်လို့ ငါ့ရင်တွေ တဆစ်ဆစ်နာကျင်လာတဲ့အခါ
မရှားပါးတဲ့ အကြင်နာတွေအကြောင်း
နင်အကျွမ်းတ၀င်ပြောနေတာတွေနဲ့
ဖြေသိမ့်လို့ရတယ်…..။

ငါ့ခံစားချက်တွေ အားကိုးရာမဲ့လို့
နင့်ရဲ့အကျင့်ကောင်းတွေရှာဖွေမိတဲ့အခါ
စာနာမှုမရှိဘဲ နင်ထားခဲ့တာတွေနဲ့
ငါဖြေသိမ့်လို့ရတယ်…..။

နင်ချစ်ပါ့မလားလို့
ငါ့မှတ်ဥာဏ်တွေက သိချင်လာတဲ့အခါ
ဖြေရှင်းမှုမရှိဘဲ နင်အရူးလုပ်ခဲ့တာတွေနဲ့
ဖြေသိမ့်လို့ရတယ်…..။

နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။
ကဗျာကတော်တော်ကောင်းပါတယ်…..။
ဒါပေမယ့် စဉ်းစားလို့မရတာ.. ကဗျာရှင်က ယောက်ျားလေးလား.. မိန်းကလေးလား…………။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #13

ဒီကဗျာရေးတဲ့သူက မိန်းကလေးပါ…ကေသရီ ပါ….
ဒီကဗျာထဲက ရည်ညွှန်းခြင်းခံရတဲ့သူက ယောင်္ကျားလေးပါ….။
ကေ့ကဗျာကို အားပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်…။

commentinfo By: ကေသရီ at Aug 25, 2011
Comment #14

ကဗျာက ရေလည်ကောင်းတယ်
ဒဏ်ရာတွေကို ကိုယ့်ဘာကိုအားတင်းပြီး ဖြေသိမ့်သွားတဲ့အကြောင်းပြောထားတာ တကယ်မိုက်တယ်ဗျ
အားပေးသွားပါကြောင်း~~

commentinfo By: X - ray at Nov 14, 2011
Comment #15

နင့်ကိုသတိရလို့
ရင်တွဲမတက်လွမ်းနာကျခဲ့ရတဲ့ငါ
တခြားတစ်ယောက်ကို နင်ပေးဆပ်နေတာတွေနဲ့…..
ဖြေသိမ့်လို့ရတယ်……။

အရမ်းတိုက်ဆိုင်ပါတယ်

commentinfo By: kyalsinlaye at Jun 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment