Professional Authors

မဆုံးသေးခင် ပြီးသွားတဲ့ အကြောင်း

ကိုယ်ထင်တာ ကိုယ်တိုင်လဲသိအောင်ပြောရင်း
အများလဲသိအောင်ကြားအောင်ပြောနေရရင်း

ငယ်ငယ်တုန်းကတော့
ဟိုသူငယ်လေးကသူရဲကောင်းပေါ့
ရှေ့မသိ နောက်မကြည့် လူကြိုက်များတဲ့ စကားတို့ပြော
အဲသလိုမျိုး ကြီးပြင်းခဲ့

သူ့နေရာ နောက်သူငယ်လေးယူ
အစကပြန်စ ဘယ်ကိုမှမရောက်ခင် လောကသဘောအတိုင်း
အနားပေးလိုက်

သူ့နေရာ နောက်ရဲရင့်သူကလေးယူ
အိုရှုပ်ပါတယ် အစကပြန်စ
ဘယ်ကိုမှ မရောက်ခင် ဇာတ်လမ်းပြီးသွား

ကိုယ်ထင်တာ ကိုယ်တိုင်လဲသိအောင်ပြောရင်း
အများလဲသိအောင်ကြားအောင်ပြောနေရရင်း
အခြေအနေကောင်းလာနိုး
တိုင်တည် အများကိုအားကိုးရင်း
အို ငတို့ ဧည့်အိမ်ကြီးလဲ…

ဩမြိုင်

 

 

In: ကဗျာ Posted By: Date: Sep 28, 2010
Comment #1

ကိုယ်ထင်တာ ကိုယ်တိုင်လဲသိအောင်ပြောရင်း
အများလဲသိအောင်ကြားအောင်ပြောနေရရင်း…

commentinfo By: SoFarAwayFromU at Apr 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment