Professional Authors

ဒီကနေ့ရဲ့ အသည်းကွဲ ခန်း

သိပ်လှတဲ့မနက်ခင်းလေးပေါ့ ဗျာ..
ငှက်ကလေး တွေကလဲ တေးဆိုလို့ပေါ့
နေလဲ မပူ
မိုးလဲ မရွာ
အတော်နေလို့ကောင်းပါ့
သူငယ်ချင်းတွေလဲ ပါတယ်
ပျော်စရာလဲပါတယ်
ဒါပေမယ့်
ထုံးစံအတိုင်းပါပဲ
ကျွန်တော် ချစ်တဲ့ချစ်သူနားမှာ
သူကိုချစ်တဲ့ သူချစ်သူက
ရှိနေ လေရဲ့
ပျော်စရာတွေဆိတ်သုဉ်း
ရင်ခုန်သံတွေ တိုးတိတ်
စိတ်ကူး ယဉ်မှုတွေ ပျောက်ကွယ် သွားပါပြီ..။
သြော် နေဆယ်စင်း ရယ်
သာ စရာဆိုလို့ ငါ့ရင် ခွင်တစ်ခုတည်းရှိတာမှ မဟုတ်တာ…။
တဖြည်းဖြည်းနဲ့ ငါ့ နှလုံးသားလည်း
ဟေတီ ဒုက္ခသည် နဲ့တူတူလာ ပြီ
သူတို့ က မှ ကံကောင်းသေးတယ်
ကူညီမဲ့ လူကယ်ဆယ်မဲ့လူ
သနားမဲ့လူ ဖေးမမဲ့လူတွေ
ရှိသေးတယ်
ငါ့ နှ လုံးသားကတော့
ရေသည် ယောင်္ကျားဝတ်တဲ့ ပုဆိုးထက်တောင်
အဖာတွေအပေါက်တွေပိုများသေးတယ်
ထားလိုက်ပါတော့ ဒီကနေ့ တော့
အသည်းကွဲ ခန်း အောင်မြင်စွာနဲ့ပဲ
ကဒ် နိုင်လိုက်ပြီ………..။

In: ကဗျာ Posted By: Date: Sep 27, 2010
Comment #1

ကဗျာလေးက တကယ်ကိုကွဲလောက်တယ်ဗျာ အသည်းပြောပါတယ် ခပ်ကွဲကွဲကဗျာလေးကို ခပ်နင့်နင့်အားပေးသွားပါတယ် ။

commentinfo By: X - ray at Oct 19, 2011
Comment #2

nice story

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment