Professional Authors

ငါကနင့်အတွက် နင်က သူ့အတွက်

သူနဲ့ယှဉ်ရင် ငါသိမ်ငယ်တယ်

နင်က သူ့ဘေးမှာ ရှိနေတယ်လေ

ငါနဲ့နှိုင်းရင် သူရိုင်းလိမ့်မယ်

သူက ငါ့လောက်နင့်ကိုမချစ်နိုင်ဘူးလေ

နင့်အကြောင်းတွေးရင် ငါငိုချင်တယ်

ငါ့အတွက် နင့်မှာ အချစ်မရှိဘူးလေ

သူနဲ့ဆုံရင် ငါသေချင်တယ်

နင်က သူ့အတွက်ရှင်သန်နေတယ်လေ

ငါနဲ့ပြိုင်ရင် သူယိုင်လိမ့်မယ်

ငါ့ရဲ့ပေးဆပ်မှုတွေကို သူမနိုင်ဘူးလေ

နင်နဲ့တွေ့ရင် ငါရှောင်ချင်တယ်

နင့်ရဲ့က အဓိက အကျဆုံးသူက သူဖြစ်နေတယ်လေ

ငါနဲ့တွေ့ရင် သူနာကျင်လိမ့်မယ်

နင့်ဘ၀အကြောင်း သူက ငါ့လောက်မသိဘူးလေ

သူနဲ့ကြုံရင် ငါမလိုချင်ဘူး

သူက နင့်အချစ်တွေအတွက်ကျေနပ်နေတယ်လေ

နင်နဲ့တွေ့ရင် ငါမယုံနိုင်ဘူး

နင်ရဲ့သစ္စာ သူ့အတွက်တည်နေတယ်လေ….။

In: ကဗျာ Posted By: Date: Sep 27, 2010
Comment #1

27 September မှာ ဒီကဗျာလေးကို ဖတ်ရတဲ့အတွက်.. အရမ်းကျေးဇူးတင်ပါတယ် ..။

ယနေ့နှင့်ပက်သတ်သော ကျွန်ုပ်၏ခံစားချက်

အယောင်ဆောင် ကြင်နာမှုတွေ .. ရခဲ့ဖူးတဲ့ အနမ်းငွေ့ငွေ့များ …. အမှတ်တရဖြစ်ခဲ့သော အမှတ်တမဲ့များ .. နှစ်ယောက်အတူသွားခဲ့ဖူးသော နေရာများ .. နှစ်ယောက်အတူစားခဲ့ဖူးသော အစားအစာများ .. ချစ်သူအတွက်ကျခဲ့ဖူးသော မျက်ရည်များ .. ရင်နှင့်မဆံလောက်အောင်ဖြစ်တည်ခဲ့သော အလွမ်းများ .. ကြားခဲ့ဖူးသော မုသားစကားများနှင့် အတူ .. စွဲလန်းခဲ့ဖူးသော ချစ်သူ့အပြုံးများအား ရင်တွင်းတစ်နေရာတွင် သည်းခံ သိမ်းဆည်းခဲ့သည်မှာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သို့သော် ချစ်သူ၏ လျစ်လျူရှုမှုများအား ဆက်လက်သည်းမခံနိုင်တော့သောကြောင့် အသက်လောက်ချစ်ခဲ့သောအချစ်များအား ယနေ့တွင် မြေမြှပ်သဂြိုလ်လိုက်မည်ဖြစ်ပါကြောင်း ..။…။..။

စာကြွင်း။ ။ သို့ပေမယ့် ချစ်သူအစဉ်ပျော်ရွှင်နိုင်ရန် မျှော်လင့်နေကြောင်းနှင့် အဆင်မပြေပါက ပြန်လာနိုင်ရန် ရင်ခွင်တံခါးကိုဖွင့်ထားဆဲဖြစ်ပါကြောင်း ချစ်သူသိစေချင်ပါသည်။ အခက်အခဲဆုံးဖြစ်သော ထိုဆုံးဖြတ်ချက်အား အသိအမှတ်ပြုသည့်အနေဖြင့် ချစ်သူ မှ ကျွန်ုပ် ခံစားခဲ့ရသော နာကျင်မှုများအား .. တိုက်ဆိုင်မှုရှိသောအခါတွင် လည်းကောင်း၊ တိုက်ဆိုင်မှု မရှိသောအခါတွင်လည်းကောင်း .. မေ့ လျော့ စွာ ဖြင့် ပျော် ရွှင် သော အိမ်ထောင်တစ်ခုတွင် ဦးဆောင်နိုင်သူ တစ်ယောက်သာ ဖြစ်စေချင်ပါသည်။

commentinfo By: Wai Hnin Phyu at Sep 27, 2010
Comment #2

မမ ကေသရီရေ အရမ်းကြိုက်တယ် ညီမလေးအတွက်များ ရေးထားလားမသိဘူး
ဒီကဗျာက ပိုပြီးခံစားရတယ် ဘာလို့လဲ အချစ်ကိုသစ္စာမရှိကြဘူး

commentinfo By: မိုးဖြူ at Jan 9, 2011
Comment #3

so nice !

commentinfo By: fphyoe at Apr 3, 2011
Comment #4

ကေ…ခုမှ…ဒီစာလေးဖတ်မိတာ…..ဘာပြောရမှန်းမသိတော့ဘူးဟာ

commentinfo By: အသဲကွဲမိုး at Oct 7, 2011
Comment #5

ဟုတ်တယ် မိုး ရေ
ကေကိုယ်တိုင် ဒီကဗျာကို စပ် ပြီး ပြန်ဖတ်ကြည့်တော့ တော်တော် ထိတယ်
ကျေးဇူး မိုး…..အားပေးတဲ့အတွက်…။

commentinfo By: ကေသရီ at Oct 7, 2011
Comment #6

နင်နဲ့တွေ့ရင် ငါမယုံနိုင်ဘူး

နင်ရဲ့သစ္စာ သူ့အတွက်တည်နေတယ်လေ….။

သူ့ရင်ထဲမှာတစ်နေရာတော့ရှိပါလိမ့်မယ်…

commentinfo By: ကြယ်စစ်သည် at Oct 7, 2011
Comment #7

ကဗျာအမိုက်စားလေးဘဲ ရင်ကိုတည့်တည့်လာမှန်တာတော့ မကောင်းဘူးဗျာ ။ ဖတ်ရှုအားပေးသွားတယ် ။

commentinfo By: X - ray at Oct 7, 2011
Comment #8

သူနဲ့ယှဉ်ရင် ငါသိမ်ငယ်တယ်

နင်က သူ့ဘေးမှာ ရှိနေတယ်လေ

commentinfo By: ရနံ့ at Oct 7, 2011
Comment #9

အရမ်းကောင်းတဲ့ကဗျာလေးပဲ……..

commentinfo By: နိုင်စစ်သည် at Oct 12, 2011
Comment #10

ngar ka nin a twat,,
nin ka thu a twat,,

ngar chit de nin,,
nin ma chit de ngar,,,

ngar ye tit sar ka nin 1 yout de a twat,,
nin ye tit sar ka nin a set haung a twat,,

ngar ye pay set hmu nin lit hlu shu,,
nint ye pay set hmu thu myet kwe pyu,,

kyay p pop har,,

commentinfo By: ei lay at Feb 12, 2012
Comment #11

သူနဲ့ဆုံရင် ငါသေချင်တယ်

နင်က သူ့အတွက်ရှင်သန်နေတယ်လေ

ငါနဲ့ပြိုင်ရင် သူယိုင်လိမ့်မယ်

ငါ့ရဲ့ပေးဆပ်မှုတွေကို သူမနိုင်ဘူးလေ

နင်နဲ့တွေ့ရင် ငါရှောင်ချင်တယ်

နင့်ရဲ့က အဓိက အကျဆုံးသူက သူဖြစ်နေတယ်လေ

ငါနဲ့တွေ့ရင် သူနာကျင်လိမ့်မယ်

နင့်ဘ၀အကြောင်း သူက ငါ့လောက်မသိဘူးလေ

(ကောင်းလိုက်တဲ့ ကဗျာလေးဗျာ…. တော်တော်လေးကို စဉ်းစားလို့မလွယ်တဲ့ အကြောင်းကို အကောင်းဆုံး ရေးထားတယ်…. )

လေးစားစွာ ကဗျာလေးကို အားပေးသွားတယ် ခင်ဗျ

commentinfo By: နိုးဆက် နေ့ at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment