Professional Authors

စိတ်ကူးလွင်ပြင်

မှုန်ဝါးသီဝေနေတဲ့ အမှောင်လမ်း

နောက်ဆုံး ညထဲကနေ ဆွဲထုတ်လာတဲ့

နိမိတ်ပုံ ဆန်ဆန် လှစ်ဟမှုတွေ

ကောက်ကြောင်းကို အထပ်ထပ်ဖွင့်ဆို

ဗီသိုဗင် တေးသွားတွေ ပြိုကျရော့မယ်။

 

မိုးစက်ပွင့်လို နှင်းမှုန်မှုန်တွေက

ကန့်လန့်ကာ အစွန်းဖျားဆီမှာ လွှလွှဖြူလို့

ညခရီးရဲ့ အရောင်တွေမှာ လွှလွှဖြူလို့

ငါ့ရင်ဘတ်တစ်ခုလုံးမှာလဲ လွှလွှဖြူလို့ပေါ့။

 

ငြိမ်းချမ်းမှု တေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ်သီလို့

ညပျိုဖြူရဲ့ နိဂုံးသမိုင်းကို

ကျောင်းရိုင်းတုံးပေါ် ထွင်းထုခဲ့ပြီးမှ

ရောင်နီသစ်နဲ့ အတူ ၀တ်ရုံလွှာကိုဖွင့်

အလင်းတံခါးသစ် ဆက်ဆက်ပွင့်လိမ့်မယ်။

မိုးသစ်ညို

 

http://kabyartawoake.webs.com

In: ကဗျာ Posted By: Date: Sep 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment