Professional Authors

သူငယ်ချင်း ….. ဒါလေးဖြေစေချင်ပါတယ်

သူငယ်ချင်း…..
ငါ့ရဲ့ပေးဆပ်ချင်းတွေက မင်းအတွက်နည်းနေခဲ့လို့လား??
ငါ့ရဲ့အလိုက်သိတတ်မှုတွေက မင်းကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့လို့လား??
ဒါမှမဟုတ်
ငါမင်းအပေါ်စေတနာတွေပိုခဲ့တာကိုဘဲ မင်းမသိခဲ့လို့လား??
အကယ်၍ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို
မင်း “မဟုတ်ဘူး” လို့ဖြေခဲ့မယ်ဆိုရင်
မင်းကိုနောက်ဆုံးမေးခွန်းလေးမေးချင်ပါတယ်
မင်းနဲ့ငါနဲ့ အရမ်းရင်းနှီးပြီး အနေတွေနီးခဲ့တာတောင်
ငါ့ရဲ့ ရင်ခုန်သံတွေ မင်းမကြားနိုင်ခဲ့တာ ဘာကြောင့်လဲ??
ငါ့မျက်ဝန်းထဲက အချစ်တွေကို မင်းမမြင်နိုင်ခဲ့တာ ဘာကြောင့်လဲ??
တကယ်လို့ အဖြူရောင်ကိုအရောင်ဆိုးမိတာငါ့အမှားပါဆိုရင်
ငါဝန်ခံပါတယ်… ငါမှားခဲ့ပါတယ်
ဒါပေမယ့်
ငါမင်းကိုချစ်မိခဲ့ပြီးမှ သိလိုက်ရတာကိုတော့
မင်းနားလည်ပေးစေချင်တယ် သူငယ်ချင်း

In: ကဗျာ Posted By: Date: Sep 26, 2010
Comment #1

ငါ့ရဲ့ အပြုအမူတွေက
လျစ်လျူ ရှုခံလိုက်ရတာပေါ့
ဒါဆို နင်လျစ်လျူရှု့ လိုက်တာ
ဘာကြောင့်လဲ
နင်ဖြေသွားပါ 🙁 🙁

commentinfo By: chocolate at Sep 27, 2010
Comment #2

ကောင်းတယ်ဗျာ ကျွန်တော်အတွက်ရေးပေးထားတာလား

commentinfo By: moe zin at Sep 27, 2010
Comment #3

@ chocolate >> မြတ်နိုးကိုမေးတာလားဟင် ?? အဲဒါဆိုရင်တော့မြတ်နိုးဖြေမယ်လေ …. လောကမှာဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဘဲလုပ်ရတယ်လေ
မင်းဘဝ ဆက်ပြီးတိုးတက်အောင်မြင်ဖို. အတွက် လျစ်လျူရှု့ ခဲ့တာပါ
@ moe zin >> u are a boy so why do u hestiate to tell yr friend that u love her .. may be she might accept yr proposal if she doesn’t have any bf currently ..
It’s my fate that i m a girl .. otherwise i won’t wirte poems and post my feelings .. 🙁

commentinfo By: Myat Noe at Sep 27, 2010
Comment #4

မြတ်နိုးကဗျာလေး ကူးသွားတယ်နော်..လင်း ရဲ့ သူငယ်ချင်း group မှာတင်ဖို့အတွက်..

တခါတခါ စေတနာပိုလွန်းရင် လည်း မကောင်းဘူးး အလိုက်သိတတ်လွန်းရင်လဲ ကဲ တယ် ထင်တာနေမှာပေါ့..

မျက်ဝန်းထဲက အချစ်တွေကို သူမြင်ခဲ့မှာတော့ သေချာလောက်ပါတယ်

commentinfo By: linnyonephyulay at Jul 30, 2012
Comment #5

so cute.
lovely poem

commentinfo By: ei lay at Jul 30, 2012
Comment #6

ကြိုက်သွားပြီး

commentinfo By: shwe at Aug 1, 2012
Comment #7

ကဗျာ ဆိုတာရင်ထဲကစီးဆင်းလာတဲ့မြစ်တစ်စင်းပါ

commentinfo By: zin at Oct 10, 2012
Comment #8

နင့်အတွက်တော့ ငါဟာ သူငယ်ချင်းလေးပါပဲတဲ့
ငါ့ရဲ့ ခံစားချက်တွေ အတွက် နင့်အလျော် ငါလိုချင်တယ်
ငါဟာတွေကရာ ပန်းတွေကို ခူးချင်ခူး ကိုင်လိုကိုင်ခဲ့မယ်
ဒါပေမဲ့ ငါမနမ်းခဲ့ဘူး ဆိုတာ နင်သိပါ့မလား?
နင့်အလျော်လေးကို ငါစောင့်နေမယ်နော်

commentinfo By: mayphoo at Feb 1, 2013
Comment #9

ကဗျာဆိုဒါ ခံစားချက်လေးကို ဖြေသိပ်ပေတယ်သူပါ

commentinfo By: nine at Apr 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment