Professional Authors

ဘ၀ = ဖြစ်ခဲ့ဖူးတယ် (မိုးဇက်)

ချစ်သူရေ
ငါ့ဘ၀မှာအမိုက်မဲဆုံးလုပ်ရပ်တစ်ခုကိုကျူးလွန်ခဲ့ဖူးတယ်ဆိုရင်
အဲဒါကမင်းကိုချစ်ခဲ့တဲ့လုပ်ရပ်ပဲဖြစ်တယ်

ချစ်သူရေ
ငါ့ဘ၀မှာပြန်လည်မရနိုင်တော့တဲ့တန်ဖိုးရှိတဲ့အရာတွေဆုံးရှုံးခဲ့ဖူးတယ်ဆိုရင်
မင်းကိုပုံအောပေးခဲ့တဲ့ငါ့အချစ်တွေပဲဖြစ်တယ်

ချစ်သူရေ
ငါ့မှတ်ဥာဏ်ထဲမှာမပျောက်ပျက်နိုင်တဲ့အရာတစ်ခုရှိနေခဲ့ဖူးတယ်ဆိုရင်
အဲဒါကငါချစ်တဲ့မင်းဖြစ်တယ်

ချစ်သူရေ
ငါ့အချစ်တွေကိုနင်းချေဖူးတဲ့သူရှိခဲ့ဖူးတယ်ဆို၇င်
အဲဒါလည်းမင်းတစ်ယောက်တည်းဖြစ်တယ်

ချစ်သူရေ
ငါ့ဘ၀မှာမမေ့နိုင်တဲ့တရားတစ်ပုဒ်ကိုဆင်ခြင်မိဖူးတယ်ဆိုရင်
အချစ်ရဆုံးသူကပဲဒဏ်ရာတွေပေးနိုင်တယ်
ချစ်တယ်ပြောခဲ့တဲ့သူကပဲမုန်းတယ်ပြောတယ်
ကတိပေးတဲ့သူကပဲကတိကိုဖျက်တယ်
လမ်းမခွဲကြေးလို့ပြောခဲ့တဲ့သူကပဲလမ်းခွဲခဲ့တယ်
ဝေးရမှာကြောက်တယ်လို့ပြောတဲ့သူကပဲ ထားရစ်ခဲ့တယ်
စိတ်မချဘူးလို့ပြောတဲ့သူကပဲကျောခိုင်းခဲ့တယ်
………………….သူကပဲ…………………..ခဲ့တယ်
…………………သူကပဲ…………………..ခဲ့တယ်
ူ……………………….
…………………….
အင်းလေ……..
အရင်းနှီးဆုံးသူစိမ်းတွေဖြစ်ခဲ့တာကပဲ
ဲ ငါ့ဘ၀ဖြစ်ခဲ့တယ်

In: ကဗျာ Posted By: Date: Sep 26, 2010
Comment #1

My Love. Read this.

commentinfo By: Theint at Sep 26, 2010
Comment #2

သူစိမ်းတွေ ပဲဆိုတဲ့ စကားမိုက်တယ်……….

commentinfo By: cheetah at Sep 26, 2010
Comment #3

မိုးဖက်ေ၇

လာဖတ်သွားတယ်နော် .. ခံစား၇ပါတယ်..
နာမယ်ေ၇ာ အကြောင်းအ၇ာေ၇ာ ဆင်ပေမယ့် 
ထားခဲ့ တာ မဟုတ်ဘူး..
စောင့် ခဲ့ တာ …
ဒါလေးပဲ ကွာ သွားတယ်

commentinfo By: သော်တာ at Sep 27, 2010
Comment #4

အားပေးသွါးတယ်

commentinfo By: chocolate at Sep 27, 2010
Comment #5

ကျွန်မလဲ..အားပေးသွားပါတယ်…… 😀

commentinfo By: ရွှေငါး at Sep 27, 2010
Comment #6

အားပေးသွားတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: moezat at Oct 13, 2010
Comment #7

ဘ၀မှာ အကြောင်းကြောင့် မလုပ်ချင်တာလဲ လုပ်တာ ရှိနေတာပဲ…..အရမ်းချစ်နေမိပေမယ့်လည်း မုန်းစကားဆိုပြီး လမ်းခွဲရတာ….ဝေးရမှာ ကြောက်ပေမယ့် ထားရစ်ခဲ့တာကို ရက်စက်တယ်လို့ ဆိုလို့ရမလား……

commentinfo By: Shane Khant at Oct 13, 2010
Comment #8

ဘ၀မှာ အကြောင်းကြောင့် မလုပ်ချင်တာကို လုပ်နေရတာလဲ ရှိတယ်…ချစ်နေပေမယ့်လည်း မုန်းတယ်ပြောပြီး လမ်းခွဲရတာ ရှိတယ်….ဝေးရမှာ ကြောက်တတ်တာပေါ့….ထားခဲ့ရတာလေ…အဲ့ဒါကို ရက်စက်တယ်လို့ ပြောလို့ရမလား……

commentinfo By: Shane Khant at Oct 13, 2010
Comment #9

အချစ်ရဆုံးဆိုတဲ့သူတွေကပဲ ဒဏ်ရာတွေပြန်ပေးမိကြတယ်
ချစ်တယ်ပြောခဲ့တဲ့သူတွေကပဲ မချစ်သင့်ကြတော့ဘူးလို့ပြောမိကြတယ်
ကတိပေးတဲ့သူတွေကပဲ ကတိတွေကိုဖျက်ခဲ့ကြရတယ်
လမ်းမခွဲကြေးလို့ပြောခဲ့တဲ့သူတွေ လမ်းခွဲခဲ့ကြရတယ်
ဝေးရမှာကြောက်တယ်လို့ပြောတဲ့သူကပဲ ဝေးဖို့ကြိုးစားလိုက်ကြရတယ်
စိတ်မချဘူးလို့ပြောတဲ့သူတွေကပဲ ကျောခိုင်းခဲ့ကြရတယ်
(ကဗျာကို ဖျက်တာဟုတ်ဘူးနော် ရေထားလေးကောင်းလွန်းလို့ မျှဝေပြီး ခံစားကြည့်တာပါ)

commentinfo By: Nainggye at Oct 20, 2010
Comment #10

ရှိန်းခန့် နဲ့ nainggye

ခံစားမှုနဲ့တိုက်ဆိုင်ပြီး
မျှဝေခံစားပေးလို့ကျေးဇူအများကြီးတင်ပါတယ်။

ရှိန်းခန့်ရေ
အကြောင်းကြောင်းကြောင့်ဆိုရင်တော့…….လည်းတမျိုးပေါ့။ သက်သက်မဲ့မဟုတ်ဘူးဆိုရင်ပေါ့ဗျာ။

commentinfo By: moezat at Nov 2, 2010
Comment #11

ချစ်ခဲ့ ပြီးမှ ချန်ထားခံရလို့ ရတဲ့ နာကျင်မှုက တစ်ချိန်က ဘယ်လို ဆို တာမျိုးကို ပြန်ခံစားပြီးကြည်နူးပိုင်ခွင့်ရှိသေးတယ်
ချစ်ခဲ့ တာကိုတောင် အသိအမှတ်မပြုတဲ့ အပြင် အဝေးကိုကန်ထုတ်ခံရတဲ့ သူမျိုးအတွက်ကတော့ 
တစ်ချိန်ကဆိုတာကို ပြန်တွေးမိရင်တောင် နာကျုင်ရတာမှ ခြောက်ပေကျင်းထဲ ဆင်းနေရတော့ မတတ်ပါပဲ
မိုးစက် ရာ

commentinfo By: Blar at Nov 2, 2010
Comment #12

အင်း ဟုတ်တယ်နော်။……

commentinfo By: moezat at Nov 2, 2010
Comment #13

ခံစားချက်တွေထပ်တူညီကျမှာပါ……ကဗျာလေးကကောင်းတယ်

commentinfo By: သီရိ at May 2, 2011
Comment #14

:'(
:'(
:'(

commentinfo By: ei lay at Aug 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment