Professional Authors

ကျေးဇူးပဲချစ်သူ (မိုးဇက်)

ကျေးဇူးပဲချစ်သူ
သူငယ်ချင်းထက်ပိုခဲ့တဲ့သံယောဇဉ်တွေရရှိခဲ့လို့

ကျေးဇူးပဲချစ်သူ
သုံးနှစ်ဆိုတဲ့အချိန်တွေကိုအတူကျော်ဖြတ်ဘူးလို့

ကျေးဇူးပဲချစ်သူ
အချစ်ဆိုတာကိုနားလည်ခဲ့ရလို့

ကျေးဇူးပဲချစ်သူ
ရင်ကွဲမှုအရသာကိုမြည်းစမ်းခွင့်ပေးခဲ့လို့

ကျေးဇူးပဲချစ်သူ
ကတိသစ္စာတရားတိုင်းဟာမတည်မြဲခြင်းတွေသိခဲ့ရလို့

ကျေးဇူးပဲချစ်သူ
မင်းထားခဲ့တာကိုနေနိုင်သွားလို့

ကျေးဇူးပဲချစ်သူ
ငါဟာမပြောင်းလဲဘဲချစ်နေနိုင်သေးလို့

ကျေးဇူးပဲချစ်သူ
ထားခဲ့ခံရတဲ့ ၄ နှစ်ပြည့်တာတောင် မင်းကိုခုထိသတိရနေသေးလို့

ကျေးဇူးပဲချစ်သူ
အလွမ်းသီချင်း၊အဆွေးကဗျာ  အရက်ဘီယာ ငါ့ဘ၀ဖြစ်ခဲ့ရလို့

ကျေးဇူးပဲချစ်သူ……………..

In: ကဗျာ Posted By: Date: Sep 25, 2010
Comment #1

ကြိုက်ပါတယ် ။ ခံစားချက်ချင်း တူညီသွားတယ် ။

commentinfo By: yatu at Sep 26, 2010
Comment #2

အားပေးလို့ကျေးဇူးတင်ပါတယ်။

commentinfo By: moezat at Oct 14, 2010
Comment #3

ဒီလိုကြီးလားဂျာ

commentinfo By: အငယ်လေး at Nov 6, 2010
Comment #4

4နှစ်လုံး တစ်ကယ်ပဲသတိရခဲ့တာလား မိုးစက် …. ထားခဲ့ခံရတာတော့မဟုတ်ပါဘူး … ထားခဲ့တာပါ …
5 နှစ်တောင်ရှိပြီ …. ဒီကဗျာကိုဖတ်ပြီး မိုးစက်လိုပဲသတိရနေပေးရင် ကောင်းမှာပဲနော် …..

commentinfo By: rabbit at Nov 9, 2010
Comment #5

ဟုတ်တယ်အငယ်လေးရေ ။ အဲလိုကြီး 🙂

တစ်ကယ်ပဲ rabbit ရေ။ ခုနှစ်ကုန်ရင်တော့ ၅ နှစ်ပေါ့ဗျာ။ အင်း rabbit ချစ်သူလည်းသတိရနေပေးပါစေလို့ ဆုတောင်းပေးလိုက်တယ်။

ကျေးဇူးပဲ အငယ်လေးနဲ့ rabbit ရေ မျှဝေခံစားပေးလို့။ ရှဲ ရှဲ

commentinfo By: moezat at Nov 11, 2010
Comment #6

ပေးတဲ့ဆုနဲ့ပြည့်ပါစေ လို့ဆုတောင်းရမလား … တစ်ကိုယ်ကောင်းဆန်သလိုဖြစ်မှာလည်း စိုးရိမ်မိတယ် ..
ကိုယ်ကထားခဲ့တဲ့သူဖြစ်နေတယ်လေ .. ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ မိုးစက်ရေ…

commentinfo By: rabbit at Nov 11, 2010
Comment #7

ကောင်းလိုက်တာဗျာ….. ကျေးဇူးပဲချစ်သူ
ငါဟာမပြောင်းလဲဘဲချစ်နေနိုင်သေးလို့
ဆိုတာ က တော်2မိုက်တယ် ။ကျေးဇူးတင်ထိုက်တယ်
ကိုမိုးစက်ေ၇….

commentinfo By: genius.jinx28 at Dec 16, 2010
Comment #8

ဘယ်လို ပြောရမယ်မှန်းကို မသိပါဘူး ကိုမိုးဇက်ရေ … ခံစားချက်ရော ကဗျာရော ကောင်းပါတယ်ဗျာ…

Comment #9

အဲဒါကိုအချစ်စစ်လို့ ခေါ်မယ်ထင်တယ်

commentinfo By: phyuphyu at Dec 16, 2010
Comment #10

ချစ်တဲ့သူကို တစ်သက်လုံးသတိ၇နေတဲ့သူတွေကိုတော့ ချီးကျူးမိတယ်။ ဘယ်လို့ဆုတောင်းပေး၇င် ကောင်းမလဲ တသက်လုံးပဲ သတိ၇နေပါစေ လို့ပဲ ဆုတောင်းပေး၇မလား ။ သတိမ၇နဲ့လို့ပဲ ပြော၇မလား မသိဘူး။ ဒါပေမယ့် တစ်သက်လုံးချစ်တာကို တော့ သဘောကျမိတယ်။

commentinfo By: genius.jinx28 at Dec 16, 2010
Comment #11

ကျေးဇူးပဲချစ်သူ
အချစ်ဆိုတာကိုနားလည်ခဲ့ရလို့

ကျေးဇူးပဲချစ်သူ
ရင်ကွဲမှုအရသာကိုမြည်းစမ်းခွင့်ပေးခဲ့လို့

လန်းတယ်ဗျာ………………………အစ်ကိုပြောမှကျေးဇူးတင်ရမှန်းသိသွားတာ

အစ်ကို့ကိုကျေးဇူးတင်ပါတယ်။…………………..
ဆက်လက်အားပေးနေမယ့်……………….မိုးသီး

commentinfo By: မိုးသီး at Dec 16, 2010
Comment #12

မင်းခန့်။ မိုးသီး။ ဖြူဖြူ ကျော်သိန်း (အဲမှားလို့) ဖြူဖြူ ။ လိပ်ပြာ
မင်းတို့အားပေးမှုကပဲ အားဆေးတစ်ခွက်လိုပါပဲ။ ကျေးဇူး ကမ္ဘာ ပါ။

commentinfo By: moezat at Dec 16, 2010
Comment #13

အရမ်းကောင်းတယ် ကို မိုးဇတ်ရေ အားပေးတယ်ဗျာ…..

commentinfo By: နှောင်းလူ at Dec 19, 2010
Comment #14

ကျေးဇူးပဲချစ်သူ
အလွမ်းသီချင်း၊အဆွေးကဗျာ အရက်ဘီယာ ငါ့ဘ၀ဖြစ်ခဲ့ရလို့

ကျေးဇူးပဲချစ်သူ……………..

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #15

nice

commentinfo By: ei lay at Jul 12, 2011
Comment #16

ကျေးဇူးပဲဗျာ .. ဖတ်ခွင့်ရလို့

commentinfo By: chityellusoelay at Aug 17, 2011
Comment #17

*_*

commentinfo By: ei lay at Apr 7, 2013
Comment #18

nice .

commentinfo By: aung aung at Nov 13, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment